Xiaomi က ကာလရှည်ကြာသတင်းထွက်နေတဲ့ စွမ်းရည်မြင့် Xiaomi 14 Ultra ကို ကြေညာလိုက်ပါတယ်။ 6.73” 2K OLED 3200x1440p မျက်နှာပြင် တပ်ဆင်ထားပြီး 3,000 Nits Brightness နဲ့ 522 PPI ထောက်ပံ့ထားပါတယ်။ 1Hz-120Hz Adaptive Refresh Rate ပါလာပြီး HDR ထောက်ပံ့ထားပါတယ်။

Xiaomi 14 Ultra

Snapdragon 8 Gen 3 မောင်းနှင်ထားပြီး အပူချိန် လျှော့ချပေးဖို့ 4000mm2 Liquid Cooling Chamber ထည့်သွင်းထားပါတယ်။ 12GB/256GB, 16GB/512GB နဲ့ 16GB/1TB Version (LPDDR5X , UFS 4.0) ၃ မျိုးထုတ်လုပ်ထားပြီး Android 14 အခြေပြု HyperOS ပါပါတယ်။

Xiaomi 14 Ultra

ကင်မရာတွေကို အသားပေးထားပြီး Leica Summilux Lens ပါတဲ့ ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ Sony LYT-900 1-inch 50MP Main ကင်မရာမှာ OIS ထည့်သွင်းထားပြီး f/1.63-f/4.0 Variable Aperture ထောက်ပံ့ထားပါတယ်။ 50MP Ultrawide Angle , 50MP Portrait Telephoto (OIS) နဲ့ 50MP Periscope Telephoto (OIS) ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ ဆဲလ်ဖီးအတွက် 32MP ကင်မရာ တပ်ထားပါတယ်။ Xiaomi က ဓါတ်ပုံ၊ ဗီဒီယိုအတွက်  AI နည်းပညာ ထည့်သွင်းထားပါတယ်။

Xiaomi 14 Ultra

ဂြိုလ်တုဆက်သွယ်ရေး ပါလာပြီး ဖုန်းပြောနိုင်ကာ အပြန်အလှန် စာပို့နိုင်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ 5,300mAh Battery , 90W Wired နဲ့ 50W Wireless Charging ထည့်သွင်းထားပါတယ်။

Xiaomi 14 Ultra အတွက် အပြာ၊ အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး 12/256GB ကို ၆,၄၉၉ ယွမ် ၊ 16/512GB ကို ၆,၉၉၉ ယွမ်နဲ့ 16GB/1TB ကို ၇,၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃၂ သိန်းဝန်းကျင်ရှိပါတယ်။ တိုက်တေနီယမ် မော်ဒယ်ကို ၈,၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Xiaomi 14 Ultra is here: brighter 1-inch main camera, 5,300mAh battery

Xiaomi က 14 Ultra အတွက် Photography Kit ကင်မရာ Accessory ကို ထုတ်လုပ်ထားပြီး ၆၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Ref : gizmochina