[Zawgyi]

Xaiomi ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာတုန္းက Mi 9 Pro 5G ကို ျဖန႔္ခ်ိခဲ့ပါတယ္။ Mi 9 Pro မွာ 40W အျမန္အားသြင္းစနစ္နဲ႔ 30W ႀကိဳးမဲ့အားသြင္းစနစ္ေတြ ေထာက္ပံ့ေပးထားတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ တ႐ုတ္အေျခစိုက္ကုမၸဏီက Mi 9 Pro ထက္ ပိုသာတဲ့ေထာက္ပံ့မႈမ်ိဳးကို ထုတ္ကုန္သစ္မွာ ထည့္သြင္းလာတာကို ေတြ႕ရပါတယ္။

CCC မွာ Certified ရခဲ့တဲ့ Xiaomi ရဲ႕ ဟန္းဆက္သစ္ဟာ 11V/6A အားသြင္းစနစ္ ေထာက္ပံ့ေပးထားတယ္ဆိုတာကို အတည္ျပဳႏိုင္ခဲ့ပါၿပီ။ ဒါဟာ 66W အားသြင္းစနစ္လည္း ပါဝင္ေနတာေၾကာင့္ ကုမၸဏီရဲ႕ လက္ရွိအားသြင္းအျမန္ဆုံးဖုန္းအျပင္ လက္ရွိေဈးကြက္ထဲမွာရွိတဲ့ အားသြင္းအျမန္ဆုံးဖုန္းေတြထက္ ပိုၿပီးေတာ့ သာလြန္တဲ့စနစ္လည္း ျဖစ္လာပါလိမ့္မယ္။

Xiaomi ရဲ႕ ဖုန္းေတြကိုၾကည့္မယ္ဆိုရင္ Mi Note 10 ေတြမွာ Pro နဲ႔ Non-Pro အမ်ိဳးအစားေတြရွိေပမယ့္လည္း 30W ေတြပဲ ျဖစ္တာကို ေတြ႕ျမင္ရပါတယ္။ ဒါေၾကာင့္ ေမာ္ဒယ္နံပါတ္ M2001J1E နဲ႔ M2001J1C ေတြဟာ လာမယ့္ႏွစ္အစပိုင္းမွာ ထြက္လာႏိုင္တဲ့ Mi 10 အတြက္ ျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။

အျခားအမွတ္တံဆိပ္ေတြထဲက အျမင့္ဆုံးအားသြင္းစနစ္ဟာ OPPO မွာေတြ႕ျမင္ႏိုင္ပါတယ္။ OPPO Reno Ace ဟာ 65W အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားတာျဖစ္ပါတယ္။ 4,000mAh ဘက္ထရီကို ၂၈ မိနစ္အတြင္း သုညကေန တစ္ရာ ရာခိုင္ႏႈန္းအထိ အားအျပည့္သြင္းႏိုင္တာပါ။ ဒါေၾကာင့္Xaiomi ရဲ႕ 66W အားသြင္းစနစ္က ပိုျမန္မယ္လို႔ ေယဘုယ်အားျဖင့္ မွတ္ယူႏိုင္ပါတယ္။

အခုအခ်ိန္ထိေတာ့ 66W အျမန္အားသြင္းစနစ္နဲ႔ Device ဟာ 3C ရဲ႕ Certified ကို ရရွိထားတယ္၊ Xiaomi ရဲ႕ 5G စမတ္ဖုန္းသစ္ျဖစ္မယ္ ဆိုတာေလာက္ပဲ သိရပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ အစတစ္ခု ထြက္ေပၚလာၿပီျဖစ္တာေၾကာင့္ ေနာက္ထပ္ သတင္းေတြကလည္း ဆက္ၿပီးထြက္ေပၚလာမွာအေသအခ်ာပဲမို႔ ဆက္ၿပီးေစာင့္ၾကည့္ရမွာပါ။

Ref: GSM Arena

[Unicode]

3C မှာ Certified ရလာတဲ့ Xiaomi ရဲ့ 66W အားသွင်းစနစ်ထောက်ပံ့ထားတဲ့ 5G စမတ်ဖုန်း

Xaiomi ဟာ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက Mi 9 Pro 5G ကို ဖြန့်ချိခဲ့ပါတယ်။ Mi 9 Pro မှာ 40W အမြန်အားသွင်းစနစ်နဲ့ 30W ကြိုးမဲ့အားသွင်းစနစ်တွေ ထောက်ပံ့ပေးထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီက Mi 9 Pro ထက် ပိုသာတဲ့ထောက်ပံ့မှုမျိုးကို ထုတ်ကုန်သစ်မှာ ထည့်သွင်းလာတာကို တွေ့ရပါတယ်။

CCC မှာ Certified ရခဲ့တဲ့ Xiaomi ရဲ့ ဟန်းဆက်သစ်ဟာ 11V/6A အားသွင်းစနစ် ထောက်ပံ့ပေးထားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါပြီ။ ဒါဟာ 66W အားသွင်းစနစ်လည်း ပါဝင်နေတာကြောင့် ကုမ္ပဏီရဲ့ လက်ရှိအားသွင်းအမြန်ဆုံးဖုန်းအပြင် လက်ရှိဈေးကွက်ထဲမှာရှိတဲ့ အားသွင်းအမြန်ဆုံးဖုန်းတွေထက် ပိုပြီးတော့ သာလွန်တဲ့စနစ်လည်း ဖြစ်လာပါလိမ့်မယ်။

Xiaomi ရဲ့ ဖုန်းတွေကိုကြည့်မယ်ဆိုရင် Mi Note 10 တွေမှာ Pro နဲ့ Non-Pro အမျိုးအစားတွေရှိပေမယ့်လည်း 30W တွေပဲ ဖြစ်တာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် မော်ဒယ်နံပါတ် M2001J1E နဲ့ M2001J1C တွေဟာ လာမယ့်နှစ်အစပိုင်းမှာ ထွက်လာနိုင်တဲ့ Mi 10 အတွက် ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

အခြားအမှတ်တံဆိပ်တွေထဲက အမြင့်ဆုံးအားသွင်းစနစ်ဟာ OPPO မှာတွေ့မြင်နိုင်ပါတယ်။ OPPO Reno Ace ဟာ 65W အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ 4,000mAh ဘက်ထရီကို ၂၈ မိနစ်အတွင်း သုညကနေ တစ်ရာ ရာခိုင်နှုန်းအထိ အားအပြည့်သွင်းနိုင်တာပါ။ ဒါကြောင့်Xaiomi ရဲ့ 66W အားသွင်းစနစ်က ပိုမြန်မယ်လို့ ယေဘုယျအားဖြင့် မှတ်ယူနိုင်ပါတယ်။

အခုအချိန်ထိတော့ 66W အမြန်အားသွင်းစနစ်နဲ့ Device ဟာ 3C ရဲ့ Certified ကို ရရှိထားတယ်၊ Xiaomi ရဲ့ 5G စမတ်ဖုန်းသစ်ဖြစ်မယ် ဆိုတာလောက်ပဲ သိရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အစတစ်ခု ထွက်ပေါ်လာပြီဖြစ်တာကြောင့် နောက်ထပ် သတင်းတွေကလည်း ဆက်ပြီးထွက်ပေါ်လာမှာအသေအချာပဲမို့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

Ref: GSM Arena