Zawgyi 

Xiaomi ကေန မႏွစ္တုန္းက လူၾကိဳက္အမ်ားဆံုးနဲ႔ ေစ်းအသက္သာဆံုးေသာ Snapdragon 845 စမတ္ဖုန္းတစ္ခုျဖစ္တဲ့ Pocophone F1 ကို မိတ္ဆက္ခဲ့တုန္းက အဆုိပါဖုန္းနဲ႔အတူ MIUI မဟုတ္တဲ့ Launcher အသစ္တစ္ခုကိုပါ အတူတြဲျပီး မိတ္ဆက္ခဲ့တာကို မွတ္မိဦးမွာပါ။ အဲ့ဒီ Launcher ကို Xiaomi ကေန Poco Launcher လုိ႔ ေခၚခဲ့တာျဖစ္ပါတယ္။

Xiaomi အေနနဲ႔ အေစာပိုင္းတုန္းက ဒီ Poco Launcher ကို Pocophone F1 မွာပဲ ထည့္သြင္းေပးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ လူၾကိဳက္မ်ားေနလာတဲ့အတြက္ Play Store မွာ Poco Launcher ကို လူတုိင္းအသံုးျပဳႏုိင္ေအာင္ တင္ထားေပးခဲ့တာလည္းျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Xiaomi ကေန အခုလုိမ်ိဳး လူူၾကိဳက္မ်ားတဲ့ Poco Launcher ကုိ Version 2.0 အေနနဲ႔ Design အသစ္ေျပာင္းလဲျပီး Feature အသစ္ေတြနဲ႔ မိတ္ဆက္လုိက္ျပီျဖစ္ပါတယ္။ အခုေလာေလာဆယ္မွာ Beta Version ထြက္ရွိထားျပီျဖစ္တဲ့ Poco Launcher 2.0 အေၾကာင္းကို ေအာက္ပါ Video မွာ ၾကည့္လုိ႔ရမွာပါ။

Xiaomi ရဲ႕ ဒီ Poco Launcher 2.0 ဟာ Design ပိုင္းမွာ ပိုျပီး လွပလာျပီးေတာ့ Semi-transparent Background ကိုပါ ေရြးခ်ယ္ႏုိင္ျပီလညး္ျဖစ္ပါတယ္။ ဒါ့အျပင့္ App Drawer ကိုလည္း ယခင္ကထက္ပိုျပီး Smooth ျဖစ္ေနေအာင္ ျပဳလုပ္ေပးထားတယ္လုိ႔ သိရပါတယ္။ Wallpaper Background Transparent ျဖစ္တာကိုလည္း စိတ္ၾကိဳက္ျပင္ဆင္ႏုိင္တဲ့အတြက္ Xiaomi အသံုးျပဳသူေတြအတြက္ကေတာ့ အၾကိဳက္ေတြ႕ဦးမွာပါ။

ဒါ့အျပင္ Poco Launcher တုန္းက နာမည္ၾကီးတဲ့ Apps ေတြကို Entertainment ၊ Social စသျဖင့္ Group လုပ္ေပးတဲ့ Feature ကလည္း ပိုမိုေကာင္းမြန္လာျပီးေတာ့ အခု Poco Launcher 2.0 မွာဆုိရင္ ကိုယ္မၾကိဳက္တဲ့ Group ေတြကို ဖ်က္လုိ႔ရလာသလုိ ကိုယ္ပိုင္ စိတ္ၾကိဳက္ Group လည္း ျပဳလုပ္လာႏုိင္ျပီလုိ႔ သိရပါတယ္။

Xiaomi အေနနဲ႔ အခုလုို Poco Launcher 2.0 ကို မိတ္ဆက္ခဲ့ေပမယ့္ Pocophone F2 ကိုေတာ့ မိတ္ဆက္လာျခင္းမရွိေသးပါဘူး။ တခ်ိဳ႕သတင္းေတြအရ Xiaomi ရဲ႕ လက္ရွိ Redmi K20 Pro ဖုန္းကိုပဲ Pocophone F2 အေနနဲ႔ ေရာင္းခ်လာမယ္လုိ႔ ဆိုေနတဲ့အတြက္ ဘယ္လုိျဖစ္လာမလဲဆုိတာကိုေတာ့ ဆက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSMArena

Unicode

Xiaomi ကနေ မနှစ်တုန်းက လူကြိုက်အများဆုံးနဲ့ ဈေးအသက်သာဆုံးသော Snapdragon 845 စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Pocophone F1 ကို မိတ်ဆက်ခဲ့တုန်းက အဆိုပါဖုန်းနဲ့အတူ MIUI မဟုတ်တဲ့ Launcher အသစ်တစ်ခုကိုပါ အတူတွဲပြီး မိတ်ဆက်ခဲ့တာကို မှတ်မိဦးမှာပါ။ အဲ့ဒီ Launcher ကို Xiaomi ကနေ Poco Launcher လို့ ခေါ်ခဲ့တာဖြစ်ပါတယ်။

Xiaomi အနေနဲ့ အစောပိုင်းတုန်းက ဒီ Poco Launcher ကို Pocophone F1 မှာပဲ ထည့်သွင်းပေးခဲ့ပေမယ့် နောက်ပိုင်းမှာ လူကြိုက်များနေလာတဲ့အတွက် Play Store မှာ Poco Launcher ကို လူတိုင်းအသုံးပြုနိုင်အောင် တင်ထားပေးခဲ့တာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ အခုလိုမျိုး လူူကြိုက်များတဲ့ Poco Launcher ကို Version 2.0 အနေနဲ့ Design အသစ်ပြောင်းလဲပြီး Feature အသစ်တွေနဲ့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Beta Version ထွက်ရှိထားပြီဖြစ်တဲ့ Poco Launcher 2.0 အကြောင်းကို အောက်ပါ Video မှာ ကြည့်လို့ရမှာပါ။

Xiaomi ရဲ့ ဒီ Poco Launcher 2.0 ဟာ Design ပိုင်းမှာ ပိုပြီး လှပလာပြီးတော့ Semi-transparent Background ကိုပါ ရွေးချယ်နိုင်ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင့် App Drawer ကိုလည်း ယခင်ကထက်ပိုပြီး Smooth ဖြစ်နေအောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ Wallpaper Background Transparent ဖြစ်တာကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့အတွက် Xiaomi အသုံးပြုသူတွေအတွက်ကတော့ အကြိုက်တွေ့ဦးမှာပါ။

ဒါ့အပြင် Poco Launcher တုန်းက နာမည်ကြီးတဲ့ Apps တွေကို Entertainment ၊ Social စသဖြင့် Group လုပ်ပေးတဲ့ Feature ကလည်း ပိုမိုကောင်းမွန်လာပြီးတော့ အခု Poco Launcher 2.0 မှာဆိုရင် ကိုယ်မကြိုက်တဲ့ Group တွေကို ဖျက်လို့ရလာသလို ကိုယ်ပိုင် စိတ်ကြိုက် Group လည်း ပြုလုပ်လာနိုင်ပြီလို့ သိရပါတယ်။

Xiaomi အနေနဲ့ အခုလို Poco Launcher 2.0 ကို မိတ်ဆက်ခဲ့ပေမယ့် Pocophone F2 ကိုတော့ မိတ်ဆက်လာခြင်းမရှိသေးပါဘူး။ တချို့သတင်းတွေအရ Xiaomi ရဲ့ လက်ရှိ Redmi K20 Pro ဖုန်းကိုပဲ Pocophone F2 အနေနဲ့ ရောင်းချလာမယ်လို့ ဆိုနေတဲ့အတွက် ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဆက်စောင့်ကြည့်ရဦးမှာပါ။

Ref – GSMArena