Xiaomi ရဲ့ အကြီးတန်း အလုပ်အမှုဆောင်အရာရှိတစ်ယောက်က တရုတ်နည်းပညာကုမ္ပဏီကြီးအနေနဲ့ 10,000hAm ပမာဏနဲ့ Mi Wireless Powerbank ကို ဖြန့်ချိလိုက်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Xiaomi ရဲ့ နောက်ဆုံးထုတ် Powerbank ဟာ 10W ကြိုးမဲ့အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Xiaomi ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Manu Kumar Jain ကလည်း တွစ်တာမှာ အတည်ပြုပေးထားပါတယ်။ Manu ရဲ့ ရေးသားချက်မှာတော့ 10,000mAh Mi Wireless Powerbank ဟာ “သင်လိုအပ်တဲ့ ပါဝါတွေအတွက်၊ ဘာကြိုးမှမလိုအပ်ဘူး” လို့ ထည့်သွင်းဖော်ပြထားပါတယ်။

“ရိုးရိုးလေးပါပဲ။ ဒါဟာ အမြန်အားသွင်းစနစ် ထောက်ပံ့ထားတဲ့ ဟန်းဆက်တွေနဲ့ ချိတ်ဆက်အားသွင်းနိုင်တဲ့ ကြိုးမဲ့ Powerbank ပါ။ ဒီ Powerbank ဟာ 10W ကြိုးမဲ့ အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားသလို USB-A ပေါက်ကလည်း 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါသေးတယ်” လို့ ဆိုပါတယ်။

ဒါကြောင့် Xiaomi ရဲ့ 10,000mAh Mi Wireless Powerbank ဟာ ကြိုးမဲ့ရော၊ USB-C Type ကြိုးနဲ့ပါ တစ်ပြိုင်နက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Gadget ဟာ Qi-certified ဖြစ်တာကြောင့် တင်းကြပ်တဲလုံခြုံရေ:ဆိုင်ရာ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးသား ဖြစ်ပါတယ်။

အခုအချိန်မှာတော့ 10,000mAh Mi Wireless Powerbank ကို အိန္ဒိယမှာပဲ ဖြန့်ချိသေးတာကို တွေ့ရပါတယ်။ Xiaomi India ဝက်ဘ်ဆိုက်မှာပဲ ဝယ်လို့ရပါသေးတယ်။ မကြာခင်မှာ Amazon နဲ့ Flipkart လို e-retailing ဝက်ဘ်ဆိုက်တွေမှာ ရနိုင်မယ်လို့ ယူဆရပါတယ်။ အနက်ရောင်တစ်မျိုးတည်းပဲ ရတာဖြစ်ပြီး INR 2,499/USD 33 ဖြစ်တဲ့အတွက် မြန်မာငွေ ၄ သောင်း ၆ ထောင် ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

Ref: Gizmochina