Chinese Giant ကြီးလို့တောင် တင်စားရတဲ့ Xiaomi ဟာ သူ့ရဲ့ နောက်ထွက်မယ့် Smartphone တွေမှာ In-Screen Fingerprint Sensor ပါလာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီတိုင်းဆိုရင် Xiaomi ဟာ Samsung ထက် အရင် In – Screen Fingerprint Sensor ကိုတောင် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်လို့ရပါတယ်။

ဒီကောလဟာလ ဟာ တရုတ် Social Networking Site ဖြစ်တဲ့ Weibo ကနေ စလာတာပါ။ အဲ့က Demo Video တစ်ခုမှာ လူတစ်ယောက်ဟာ သူ့ရဲ့ဖုန်းကို Screen Display ကနေ Unlock လုပ်နေတာပါ။ ဒီ Video မှာပါတဲ့ ဖုန်းဟာ Fake လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မကြာခင်ထွက်ရှိတော့မယ့် Xiaomi Mi 7 မှာ ဒီနည်းပညာ ပါလာဖို့က မျှော်လင့်လို့ရပါတယ်။

In – Screen Fingerprint Sensor ပါဖို့ နာမည်ကြီးနေတဲ့ တခြားဖုန်းတွေကတော့ Nokia 9 နဲ့ Samsung Galaxy Note 9 ပါ။ Xiaomi သာ Samsung ထက်အရင် ဒီနည်းပညာကို ချပြလိုက်ရင်တော့ ဖုန်းလောကမှာ တော်တော်လေး လှုပ်ခတ်သွားမှာပါ။ ပရိတ်သတ်ကြီးရော Mi 7 မှာဒီနည်းပညာ ပါလာမယ်လို့ ထင်လား။ ဝင်ပြီး ဆွေးနွေး သွားကြပါဦး။

Source: Techradar.com