Xiaomi ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း Brand ဖြစ်တဲ့ Redmi ဟာ Note 8 Series သန်း ၃၀ ကျော်ရောင်းချရလို့ အောင်ပွဲခံနေပါတယ်။ Redmi Note 8 Series ထဲမှာ Redmi Note 8 , Redmi Note 8T နဲ့ Redmi Note 8 Pro Versions တွေ ပါပြီး အဲဒီ ဖုန်းတွေဟာ ၂၀၁၉ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအကြားမှာ ရောင်းအား အကောင်းဆုံး ထိပ်တန်း ဖုန်း ၁၀ လုံး စာရင်းဝင်ခဲ့ပါတယ်။

ဒီသတင်းကောင်းကို Redmi ရဲ့  Brand Manager ဖြစ်သူ Lu Weibing က ကြေညာခဲ့တာ ဖြစ်ပြီး သူက ၁ လအတွင်းမှာ အလုံးရေ ၁ သန်းနဲ့ နောက် ၁ လမှာ အလုံးရေ ၅ သန်းအထိ ရောင်းချနိုင်ခဲ့တယ်ဆိုတာ ပြောပြခဲ့ပါတယ်။ နိုင်ငံတကာမှာ ရောင်းချချိန်မှာ ၃ လအတွင်းမှာ ၁၀ သန်းနဲ့  ၅ လအတွင်း သန်း ၂၀ ရောင်းချနိုင်ခဲ့ပါတယ်။

Redmi Note 8 Series ကို ဩဂုတ်လ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပြီး Redmi Note 8 Pro ဟာ 64MP ကင်မရာ ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာလကျမှ စတင် ရောင်းချပေးခဲ့ပြီး အဲဒီ အချိန် ကတည်းက ၁ ရက်ကို အလုံးရေ ၁၂၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။

Redmi Note 9 Series တွေကို နိုင်ငံတကာမှာ စတင် ရောင်းချပေးနေပြီ ဖြစ်တဲ့အတွက် Redmi Note 8 Series တွေ ရောင်းအားကျဆင်းသွားတော့မှာပါ။ Redmi Note 9 Series တွေဟာ အရင်မျိုးဆက်ရဲ့ စံချိန်ကို ချိုးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena