[Unicode]

Xiaomi စီအီးအို လီဂျွန်က ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် အလန်းစား ဖုန်း ၁ လုံးကို Tease လုပ်လိုက်ပါတယ်။ သူက Redmi K30 5G ရဲ့ ဘူးခွံ ဓါတ်ပုံကို ဝီဘိုမှာ တင်လိုက်ပါတယ်။ အဖြူရောင် ဘူးခွံ ဖြစ်ပြီး ရောင်စုံစာလုံးတွေ ပါပါတယ်။ တရုတ်မှာ Redmi K30 5G ကို လာမယ့် ၇ ရက်နေ့မှာ စတင် ရောင်းမှာ ဖြစ်ပြီး လက်ရှိမှာ တရုတ်က Mi Store တချို့မှာ အမှာစာတွေ လက်ခံနေပါပြီ။

4G LTE မော်ဒယ်ကိုတော့ ဒီဇင်ဘာလ လလယ်ထဲက ရောင်းပေးထားပါတယ်။ 4G နဲ့ 5G မော်ဒယ်ရဲ့ အဓိက ကွာခြားချက်က 5G မော်ဒယ်မှာ Snapdragon 765G နဲ့ 4G မော်ဒယ်မှာ Snapdragon 730 Chipset မောင်းနှင်ထားတာပါ။ 5G မော်ဒယ်ရဲ့ 12/512GB မော်ဒယ်ကို မှတ်ပုံတင်ထားပြီ ဖြစ်ပြီး မကြာခင် တရုတ်မှာ စတင် ရောင်းချတော့မယ် ထင်ပါတယ်။

Redmi K30 5G မှာ ၆.၆၇ လက်မ LCD မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်း ကစားရင် ၊ ဖုန်း သုံးရင် အရမ်းကို မြန်ဆန်စေပါတယ်။ 30W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 64MP IMX686 Main Sensor ,8MP Ultrawide , 2MP Depth နဲ့ 5MP Macro Sensor တွေဖြစ်ပါတယ်။ အရှေ့ ကင်မရာတွေ ဖြစ်တဲ့ 20MP နဲ့ 2MP Depth တွေကို Punch-hole မှာ တပ်ဆင်ထားပါတယ်။

LCD မျက်နှာပြင် ဖြစ်တဲ့အတွက် မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မထည့်သွင်းထားပါဘဲ ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။ အပြာ၊ အနီ၊ ခရမ်းနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

[Zawgyi]

Xiaomi စီအီးအိုက Redmi K30 5G ရဲ႕ ဘူးခြံကို ျပသ

Xiaomi စီအီးအို လီဂြ်န္က ကုမၸဏီရဲ႕ ေနာက္ဆံုးထုတ္ အလန္းစား ဖုန္း ၁ လံုးကို Tease လုပ္လိုက္ပါတယ္။ သူက Redmi K30 5G ရဲ႕ ဘူးခြံ ဓါတ္ပံုကို ၀ီဘိုမွာ တင္လိုက္ပါတယ္။ အျဖဴေရာင္ ဘူးခြံ ျဖစ္ၿပီး ေရာင္စံုစာလံုးေတြ ပါပါတယ္။ တရုတ္မွာ Redmi K30 5G ကို လာမယ့္ ၇ ရက္ေန႔မွာ စတင္ ေရာင္းမွာ ျဖစ္ၿပီး လက္ရွိမွာ တရုတ္က Mi Store တခ်ိဳ႕မွာ အမွာစာေတြ လက္ခံေနပါၿပီ။

4G LTE ေမာ္ဒယ္ကိုေတာ့ ဒီဇင္ဘာလ လလယ္ထဲက ေရာင္းေပးထားပါတယ္။ 4G နဲ႔ 5G ေမာ္ဒယ္ရဲ႕ အဓိက ကြာျခားခ်က္က 5G ေမာ္ဒယ္မွာ Snapdragon 765G နဲ႔ 4G ေမာ္ဒယ္မွာ Snapdragon 730 Chipset ေမာင္းႏွင္ထားတာပါ။ 5G ေမာ္ဒယ္ရဲ႕ 12/512GB ေမာ္ဒယ္ကို မွတ္ပံုတင္ထားၿပီ ျဖစ္ၿပီး မၾကာခင္ တရုတ္မွာ စတင္ ေရာင္းခ်ေတာ့မယ္ ထင္ပါတယ္။

Redmi K30 5G မွာ ၆.၆၇ လက္မ LCD မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး 120Hz Refresh Rate ပါတဲ့အတြက္ ဂိမ္း ကစားရင္ ၊ ဖုန္း သံုးရင္ အရမ္းကို ျမန္ဆန္ေစပါတယ္။ 30W Fast Charging ပါတဲ့ 4,500mAh ဘက္ထရီ ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး တပ္ဆင္ထားၿပီး 64MP IMX686 Main Sensor ,8MP Ultrawide , 2MP Depth နဲ႔ 5MP Macro Sensor ေတြျဖစ္ပါတယ္။ အေရွ႕ ကင္မရာေတြ ျဖစ္တဲ့ 20MP နဲ႔ 2MP Depth ေတြကို Punch-hole မွာ တပ္ဆင္ထားပါတယ္။

LCD မ်က္ႏွာျပင္ ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ မထည့္သြင္းထားပါဘဲ ပါ၀ါခလုတ္ေအာက္မွာ ျမွပ္ႏွံထားပါတယ္။ အျပာ၊ အနီ၊ ခရမ္းနဲ႔ အျဖဴေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

Ref : gsmarena