Xiaomi ကနေ မကြာခင်မှာ Camera အသားပေး Mid Rang ဖုန်းတစ်လုံးဖြစ်လာမယ့် Xiaomi Civi 3 ဖုန်းကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အခုလည်း Xiaomi ရဲ့ တရုတ်နိုင်ငံတွင်း MIIT Registration အရ Xiaomi Civi 3 ဖုန်းရဲ့ Specification အချို့ကို သိရှိခဲ့ရပါတယ်။​

အဆိုပါသတင်းအရ Xiaomi Civi 3 ဖုန်းဟာ Qualcomm Snapdragon Chipset အစား MediaTek ရဲ့ Dimensity 8200 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။​ ဒါကြောင့် Snapdragon 7 Gen 1 နဲ့ Snapdragon 778G လိုမျိုး Chipset တွေထက် စွမ်းဆောင်ရည်ပိုမြင့်မားပေမယ့် Snapdragon 7+ Gen 2 လိုမျိုး Chipset နဲ့ ယှဥ်ရင်တော့ အားနည်းနေမှာဖြစ်ပါတယ်။

အဲ့အပြင် Xiaomi Civi 3 ဖုန်းဟာ RAM အနေနဲ့ 12GB အထိ ပါဝင်မှာဖြစ်ပြီး Storage ပိုင်းမှာလည်း 512GB အထိ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Xiaomi Civi Series ဟာ Selfie Camera ပိုင်းဦးစားပေးထားတဲ့ဖုန်းတွေဖြစ်တာကြောင့် Xiaomi Civi 3 ဖုန်းဟာလည်း Front LED Flash ပါဝင်တဲ့ 32MP Dual Front Selfie Camera တွေ ထည့်သွင်းပေးထားမှာပါ။

ကျန်တဲ့ Specs တွေအနေနဲ့ Xiaomi Civi 3 ဖုန်းဟာ Full HD+ 120Hz OLED Display ၊​ Sony IMX8– Series Sensor တွေအသုံးပြုထားတဲ့ Back Camera Setup ၊ 67W Fast Charging တွေပါဝင်မှာဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက Xiaomi Civi 3 ဖုန်းဟာ 5G Cross-carrier Roaming ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး မတူညီတဲ့ Network Operator တွေမှာ SIM Card ပြောင်းလဲစရာမလိုဘဲ 5G Network ကို အသုံးပြုနိုင်မှာပါ။

Ref – Gizmo China