Xiaomi က တရုတ်မှာ Civi Series ဖုန်း အသစ် ၁ လုံးကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အဲဒီဖုန်းမှာ MediaTek ရဲ့ Chipset အသစ်ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Xiaomi Civi 3 ဟာ Dimensity 8200 Ultra ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ Dimensity 8200 Ultra ဟာ ဒီဇင်ဘာလက ထွက်ခဲ့တဲ့ Dimensity 8200 ကို Overclock လုပ်ထားတဲ့ ဗားရှင်း ဖြစ်နိုင်ပါတယ်။

Xiaomi Civi 3 will debut the Dimensity 8200 Ultra chipset

Xiaomi က Image Signal Processing (ISP) ကို တိုးတက်အောင်ပြုလုပ်ထားတယ်လို့ အတည်ပြုထားပါတယ်။ ကင်မရာ App မှာ စွမ်းအင်စားသုံးမှုကို လျှော့ချထားပြီး ဓါတ်ပုံရိုက်တဲ့ အမြန်နှုန်းကို ပိုမြန်အောင်ပြုလုပ်ထားကာ Video Functions အသစ် ၃၀ ပါလာမှာပါ။

Xiaomi Civi 3 will debut the Dimensity 8200 Ultra chipset

အရင်ပေါက်ကြားသတင်းတွေအရ Civi 3 မှာ 6.55 Inch AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားမှာပါ။ Civi 2 ရဲ့ 32MP အရှေ့ ကင်မရာ ၂ လုံး ပြန်လည် ပါလာနိုင်ပြီး အနောက်ဘက်မှာ 50MP Sony IMX800 Sensor ကို ပင်မ ကင်မရာ အနေနဲ့ ထည့်သွင်းထားနိုင်ပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 4,500mAh Battery ပါလာနိုင်ပါတယ်။ Xiaomi Civi 3 ရဲ့ သတင်းအချက်အလက်တွေ မကြာခင် ပိုမိုထွက်လာနိုင်ပါတယ်။

Ref : gsmarena