Xiaomi ဟာ Redmi Note 9 Series ကို ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Redmi Note 9 Series ထဲက Redmi Note 9 5G စမတ်ဖုန်းကို Global စျေးကွက်အတွက် Redmi Note 9T နာမည်နဲ့ မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

အဆိုပါ Redmi Note 9T စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ Malaysia ရဲ့ SIRIM ၊ Thailand ရဲ့ NBTC Certification တွေရရှိထားပြီးဖြစ်သလို မိတ်ဆက်မယ့်အချိန်ဟာလည်း နီးကပ်နေပြီဖြစ်တယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။ အခုလည်း Xiaomi ကိုယ်တိုင်ကနေ မှားယွင်းပြီး မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာခဲ့လိုက်ပါတယ်။

ဒါကတော့ Xiaomi Twitter Account ကနေတစ်ဆင့် Redmi Note 9T စမတ်ဖုန်းကို လာမယ့် ဇန်နဝါရီလ ၈ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခဏအတွင်းမှာ အဆိုပါ Tweet ကို ပြန်လည်ဖျက်သွားတဲ့အတွက် မတော်တဆမှားယွင်းတင်မိခဲ့တာဖြစ်နိုင်ပါတယ်။

Redmi Note 9T စမတ်ဖုန်းဟာ 6.53″ IPS LCD Display ကိုမှ Punch-hole Selfie Camera ၊ Full HD+ Resolution တွေထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ MediaTek Dimensity 800U Chipset ကိုအသုံးပြုထားပြီး အမြင့်ဆုံး RAM 8GB နဲ့ 256GB Storage တွေပါဝင်မှာပါ။

Camera ပိုင်းမှာတော့ 48MP Primary + 8MP Ultrawide + 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပြီး Front Selfie Camera ကိုတော့ 13MP Sensor တပ်ဆင်ထားမှာပါ။ Battery အနေနဲ့ 5000mAh Battery ကိုမှ 18W Fast Charging Support ပြုလုပ်မယ်လို့သိရပါတယ်။

Ref – Gizmo China