Zawgyi
အဆိုပါ Xiaomi Mi Mix Alpha စမတ်ဖုန်းက အခုအချိန်မှာ Foldable Phone တွေအစား Screen ကို ဖုန်းအနောက်ဖက်အထိ Wrap ပြုလုပ်ထားတာဖြစ်ပြီးတော့ လုံးဝ Screen တစ်ခုလုံးကို ကိုင်ထားရသလိုဖြစ်နေတဲ့ဖုန်းတစ်လုံးလည်းဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် Mi Mix Alpha စမတ်ဖုန်းဟာ Prototype ဖုန်းတစ်လုံးဖြစ်နေတဲ့အပြင် ရောင်းချမယ့်ဈေးနှုန်းကလည်း $2,800 ဝန်းကျင်ရှိနေတဲ့အတွက် လက်ရှိထွက်ရှိထားတဲ့ Foldable Phone တွေထက်တောင် ပိုပြီး ဈေးကြီးနေသေးတာပါ။
ဒါပေမယ့် Xiaomi ကနေ Mi Mix Alpha အစား ပုံမှန် Mainstream Market အတွက် Mi Mix 4 စမတ်ဖုန်းကို မိတ်ဆက်လာနိုင်သေးတယ်ဆိုတဲ့သတင်းက ဆက်တိုက်ထွက်ရှိလာနေတာကြောင့် အခုအချိန်မှာတော့ Xiaomi ရဲ့ Executive တစ်ဦးကနေ Weibo မှာ ရှင်းလင်းခဲ့ပါတယ်။
Ref – GSM Arena
Unicode
Xiaomi ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Xiaomi Mi 9 5G စမတ်ဖုန်းနဲ့အတူ Product အများအပြားကို အသစ်ထုတ်ပြသွားခဲ့ပါတယ်။ အဲ့ဒီထဲကမှ လူတိုင်းအတွက် စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်ခဲ့တာကတော့ Xiaomi Mi Mix Alpha ဖုန်းပဲဖြစ်ပါတယ်။
အဆိုပါ Xiaomi Mi Mix Alpha စမတ်ဖုန်းက အခုအချိန်မှာ Foldable Phone တွေအစား Screen ကို ဖုန်းအနောက်ဖက်အထိ Wrap ပြုလုပ်ထားတာဖြစ်ပြီးတော့ လုံးဝ Screen တစ်ခုလုံးကို ကိုင်ထားရသလိုဖြစ်နေတဲ့ဖုန်းတစ်ခုလည်းဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုပါ Mi Mix Alpha စမတ်ဖုန်းဟာ Prototype ဖုန်းတစ်ခုဖြစ်နေတဲ့အပြင် ရောင်းချမယ့်စျေးနှုန်းကလည်း $2,800 ဝန်းကျင်ရှိနေတဲ့အတွက် လက်ရှိထွက်ရှိထားတဲ့ Foldable Phone တွေထက်တောင် ပိုပြီး စျေးကြီးနေသေးတာပါ။
ဒါပေမယ့် Xiaomi ကနေ Mi Mix Alpha အစား ပုံမှန် Mainstream Market အတွက် Mi Mix 4 စမတ်ဖုန်းကို မိတ်ဆက်လာနိုင်သေးတယ်ဆိုတဲ့သတင်းက အခုထိဆက်တိုက်ထွက်ရှိလာနေပြီးတော့ အခုအချိန်မှာတော့ Xiaomi မှာရှိတဲ့ Executive တစ်ဦးကနေ Weibo မှာ ရှင်းလင်းခဲ့ပါတယ်။
Bishop Edward အမည်ရတဲ့ Xiaomi ရဲ့ Brand Promotion Manager ကနေ Mi Mix Alpha အပြင် တခြားသော Mi Mix Series ဖုန်းကို ထုတ်လုပ်ဖို့မရှိဘူးလို့ ပြောကြားသွားခဲ့တာပါ။
Xiaomi Mi Mix Series စမတ်ဖုန်းတွေဟာ Xiaomi အတွက် နည်းပညာအသစ်တွေကို စတင်ထည့်သွင်းပေးတဲ့စမတ်ဖုန်းတွေဖြစ်ပြီးတော့ နောက်ပိုင်းမှာပါ ပုံမှန် Mi Series ဖုန်းတွေမှာ ထည့်သွင်းပေးနေကြဖြစ်ပါတယ်။ ဒီနှစ် Mi Mix Alpha ဖုန်းကလည်း 108MP Camera တွေကို နောက်နှစ် Mi 10 ဖုန်းအတွက် ကြိုပြီး ထည့်သွင်းလာတဲ့ပုံစံပါပဲ။
Ref – GSM Arena