Xiaomi ကနေ Mi 10 Series ဖုန်းတွေမှာ 30W Wireless Charging ကို ထည့်သွင်းပေးထားပြီးတော့ လောလောဆယ်မှာ အမြန်ဆန်ဆုံး Wireless Charging စနစ်ကို ပိုင်ဆိုင်ထားတယ်လို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း Xiaomi ကနေ ပိုပြီးမြန်ဆန်တဲ့ 40W Wireless Charging ကို ပြသလိုက်ပါပြီ။ အခု 40W Wireless Charging အသစ်ရဲ့ Teaser Video ကိုတေ့ာ Xiaomi ရဲ့ Vice President ဖြစ်တဲ့ Chang Cheng ကနေ Weibo မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

အခု 40W Wireless Charging ကို စမ်းသပ်ပြသသွားတဲ့ Device ဟာ Modified ပြုလုပ်ထားတဲ့ Mi 10 Pro ဖုန်းဖြစ်ပြီး 4000mAh Battery ပါဝင်တာပဲဖြစ်ပါတယ်။ 40W Wireless Charging ကို အသုံးပြုပြီး အားသွင်းတဲ့အချိန်မှာ 0% ကနေ 57% ကို မိနစ် ၂၀ ပဲ ကြာမြင့်ပြီးတော့ 100% ပြည့်ဖို့ကို မိနစ် ၄၀ ပဲ အချိန်ယူရတဲ့အတွက် လုံးဝကို အထင်ကြီးစရာကောင်းနေပါတယ်။

Xiaomi ကတော့ အဆိုပါ 40W Wireless Charging စနစ်ကို ဘယ်စမတ်ဖုန်းမှာ စတင်အသုံးပြုလာမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အခုပုံစံအတိုင်းဆိုရင်တော့ မကြာခင်မှာ 40W Wireless Charging ပါဝင်တဲ့ စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena