ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Xiaomi ရဲ့ Mi 10 Pro Plus ဟာ Snapdragon 865 ပဲ သုံးလာမယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါသေးတယ်။ အခုတော့ AnTuTu မှာ Snapdragon 865 နဲ့ Xiaomi ဟန်းဆက်တစ်ခုကို တွေ့မြင်လိုက်ကြရပါတယ်။ ဒါကြောင့် ဒီဟန်းဆက်ဟာ Mi 10 Pro Plus လားလို့ မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

မော်ဒယ်နံပါတ် M2007J1SC နဲ့ ဟန်းဆက်ဟာ AnTuTu မှာ ရမှတ်ပေါင်း 687,422 မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။ AnTuTu မှာ အမှတ်အမြင့်ဆုံးရထားတာက X Mode နဲ့ Cooling fan ပါဝင်တဲ့ ASUS ROG Phone 3 ဖြစ်ပြီး ရမှတ်က 621,000 ပါ။ ဒီတော့ အခုမြင်တွေ့ရတဲ့ Xiaomi ဟန်းဆက်က ပိုသာနေတာ အထင်အရှားပါပဲ။

ပေါက်ကြားသတင်းတွေအရတော့ Xiaomi Mi 10 Pro Plus ဟာ Snapdragon 865+ သုံးထားမှာမဟုတ်ဘဲ 865 ပဲ သုံးလာမယ်လို့ သိထားရပါတယ်။ ပုံမှန်အားဖြင့်တော့ Benchmark တွေဟာ Chipset နှစ်ခုကို အတိအကျကြီး ခွဲခြားပေးနိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် အဓိကမေးခွန်းက Xiaomi ရဲ့ ဘယ်ဟန်းဆက် ဖြစ်လာနိုင်သလဲဆိုတာပါပဲ။

အဓိကသဲလွန်စကတော့ မော်ဒယ်နံပါတ်ပဲဖြစ်ပြီး ဒါဟာ Xioami Mi 10 မိသားစုဝင်ဖြစ်နိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ဒါကြောင့် အခြားအသိအမှတ်ပြုမှုတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ စောင့်ဆိုင်းရမှာပါ။ လက်ရှိသတင်းထွက်ထားသလောက်ဆိုရင်တော့ Xiaomi Mi 10 Pro Plus ဟာ ကုန်မ္ပဏီရဲ့ 120Hz မျက်နှာပြင်နဲ့ စမတ်ဖုန်း ဖြစ်လာပါလိမ့်မယ်။

Ref: GSM Arena