Qualcomm ဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ သူ့ရဲ့ နောက်ထပ် Flagship SoC ဖြစ်တဲ့ Snapdragon 875 ကို ပွဲထုတ်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီ SoC ရဲ့ Feature တွေကလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေနှင့်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi Mi 11 မှာ ဒီ SoC ကိုသုံးထားမယ်လို့လည်း ကောလာဟလထွက်ခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ Geekbench မှာ Snapdragon 875 နဲ့ အမည်မသိ Device တစ်ခုကို တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ Dealntech ရဲ့ ဖော်ပြချက်အရ ကုဒ်နာမည် M2012K11C နဲ့ Xiaomi ဟန်းဆက်တစ်ခုဟာ Geekbench မှာရှိနေခဲ့ပြီး၊ Motherboard ကိုလည်း “Haydn” လို့ နာမည်ပေးထားတာ တွေ့ရပါတယ်။

Geekbench ရဲ့ Listing တွေအရ ဒီဟန်းဆက်ရဲ့ Porcessor ဟာ Snapdragon 875 ဖြစ်နေတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ကနဦးကတည်းက နာမည်ထွက်ထားတဲ့ Xiaomi Mi 11 ဖြစ်နိုင်တယ်ဆိုတဲ့ သံသယကိုလည်း ပိုပြီးခိုင်မာလာစေပါတယ်။ ဒါတင်မကသေးပါဘူး၊ CPU ရဲ့ Cores တွေကလည်း ပေါက်ကြားမှုတွေနဲ့ တိုက်ဆိုင်နေပါတယ်။ Processor ဟာ 1.8GHz, 2.42GHz နဲ့ 2.48GHz တို့ရှိကြောင်းလည်း ပြသနေတာပါ။

ဒီအချက်အလက်တွေဟာ Weibo ရဲ့ နာမည်ကျော် Tipster Digital Chat Station ဖော်ပြခဲ့တဲ့ 1xCortex-X1 clocked at 2.84GHz. 3xCortex-A78 clocked at 2.42GHz. 4xCortex-A55 clocked at 1.8GHz. စတဲ့ Qualcomm Snapdragon ရဲ့ အချက်အလက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။ GPU ဟာ Adreno 660 ဖြစ်မယ်ဆိုတာလည်း ပြောခဲ့ပါသေးတယ်။

Geekbench စမ်းသပ်မှုမှာ ဟန်းဆက်ဟာ Android 11 မောင်းနှင်ထားတာတွေ့ရပါတယ်။ ရမှတ်ကတော့ Single-core မှာ ၁,၁၀၅ မှတ်နဲ့ Multi-core မှာ ၃,၅၁၂ မှတ် အသီးသီးရရှိထားတာ ဖြစ်ပါတယ်။ အခုအချိန်ထိ တွေ့မြင်ရတာကတော့ SoC 865 ထက် သာလွန်နေတာဖြစ်ပေမယ့် တရားဝင်ကြေညာတဲ့အချိန်ကို စောင့်ဆိုင်းရဦးမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် Xiaomi ရဲ့ Mi 11 ဟာ တရုတ်ဈေးကွက်မှာ Snapdragon 875 SoC သုံးထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာမယ်ဆိုတဲ့ ကောလာဟလတွေဟာ အမှန်တကယ်ဖြစ်လာဖို့ အင်မတန်မှကို နီးစပ်လာတဲ့အခြေအနေကို မြင်တွေ့နေရပါတယ်။

Ref: Gizmochina