Zawgyi

Xiaomi ကုမၸဏီဟာ သူတုိ႔ရဲ႕ Foldable ဖုန္းအတြက္ ဒီဇုိင္းတစ္ခုကို ဥေရာပ ဥာဏပစၥည္းဆုိင္ရာရုံးသို႔ မူပုိင္ခြင့္ေလွ်ာက္တင္ခဲ့ပါတယ္။ အဆုိပါထုတ္ကုန္ရဲ႕ ပုံၾကမ္းထဲမွာေတာ့ အရင္ကျမင္ရဖူးၿပီးသား သုံးေခါက္ခ်ဳိး ဒီဇုိင္းအျပင္ ေနာက္ဘက္မွာ Triple-camera ကိုပါ ျမင္ေတြ႕လာရပါတယ္။

Xiaomi ဟာ အခုပံုထဲမွာပါတဲ့ ဖုန္းရဲ႕ ဗီဒီယုိႏွစ္ခုကို အရင္ကတင္ခဲ့ဖူးပါတယ္။ အဲ့ဒီဗီဒီယုိေတြထဲမွာ ဘယ္ဘက္နဲ႔ ညာဘက္ အစိတ္အပုိင္းႏွစ္ခုကို အလယ္တည့္တည့္ရဲ႕ေနာက္ဘက္သို႔ ေခါက္ထည့္ၿပီး သုံးေခါက္ခ်ဳိး အေနနဲ႔ အသုံးျပဳတာကို ေတြ႕ရမွာပါ။ အခုဒီဇုိင္းထဲက အတုိင္းဆုိရင္ေတာ့ ေခါက္လုိက္ရင္ က်ိန္းေသေပါက္ ေနာက္ဘက္ကင္မရာကို ပိတ္သြားမွာျဖစ္ပါတယ္။

အရင္ဗီဒီယုိေတြထဲမွာေတာ့ ကင္မရာကို ထည့္မျပေပမယ့္ သူ႕ဒီဇုိင္းအရေတာ့ ဘယ္လိုမွ မျဖစ္ႏုိင္ပါဘူး။ ဟန္းဆက္ရဲ႕ အလည္တည့္တည့္မွာထည့္ထားတဲ့ ကင္မရာကိုလည္း အျခား Rotating Camera ေတြလို ေရွ႕ေနာက္လွည့္ၿပီး ဆယ္လ္ဖီအျဖစ္ပါ သုံးလုိ႔မရႏုိင္ေလာက္ပါ။ ဒီဇုိင္းထဲမွာ Selfie ကင္မရာလည္း မထည့္ထားတာေၾကာင့္ Pop-up Selfie ကင္မရာမ်ား သုံးလာမလားလို႔ ေတြးစရာျဖစ္ပါတယ္။

Xiaomi ဟာ Foldable ဖုန္းေတြရဲ႕ ၿပိဳင္ပြဲအရွိန္ျမင့္ေနတုန္းကေတာ့ သူတုိ႔ရဲ႕ထုတ္ကုန္ကို ၂၀၁၉ ပထမ ႏွစ္ဝက္အမီ ထုတ္မယ္လို႔ စီစဥ္ထားေပမယ့္ ဦးေဆာင္သူျဖစ္တဲ့ Samsung က သူတုိ႔ရဲ႕ Galaxy Fold ကုိ ျပန္လည္ရုပ္သိမ္းၿပီးတဲ့ေနာက္ ျငိမ္သက္သြားခဲ့ပါတယ္။ သူတင္မကဘဲ အျခား Huawei တုိ႔လို Foldable ဟန္းဆက္ၿပိဳင္ပြဲထဲ တက္ၾကြစြာပါဝင္ခဲ့သူေတြပါ တိတ္ဆိတ္ေနတာေၾကာင့္ Foldable ဖုန္းေတြ ေခတ္ထလာမလားလို႔ ေစာင့္ၾကည့္ေနသူေတြ မခ်င့္မရဲျဖစ္စရာပါပဲ။

Ref – GSM Arena

Unicode

Xiaomi ကုမ္ပဏီဟာ သူတို့ရဲ့ Foldable ဖုန်းအတွက် ဒီဇိုင်းတစ်ခုကို ဥရောပ ဉာဏပစ္စည်းဆိုင်ရာရုံးသို့ မူပိုင်ခွင့်လျှောက်တင်ခဲ့ပါတယ်။ အဆိုပါထုတ်ကုန်ရဲ့ ပုံကြမ်းထဲမှာတော့ အရင်ကမြင်ရဖူးပြီးသား သုံးခေါက်ချိုး ဒီဇိုင်းအပြင် နောက်ဘက်မှာ Triple-camera ကိုပါ မြင်တွေ့လာရပါတယ်။

Xiaomi ဟာ အခုပုံထဲမှာပါတဲ့ ဖုန်းရဲ့ ဗီဒီယိုနှစ်ခုကို အရင်ကတင်ခဲ့ဖူးပါတယ်။ အဲ့ဒီဗီဒီယိုတွေထဲမှာ ဘယ်ဘက်နဲ့ ညာဘက် အစိတ်အပိုင်းနှစ်ခုကို အလယ်တည့်တည့်ရဲ့နောက်ဘက်သို့ ခေါက်ထည့်ပြီး သုံးခေါက်ချိုး အနေနဲ့ အသုံးပြုတာကို တွေ့ရမှာပါ။ အခုဒီဇိုင်းထဲက အတိုင်းဆိုရင်တော့ ခေါက်လိုက်ရင် ကျိန်းသေပေါက် နောက်ဘက်ကင်မရာကို ပိတ်သွားမှာဖြစ်ပါတယ်။

အရင်ဗီဒီယိုတွေထဲမှာတော့ ကင်မရာကို ထည့်မပြပေမယ့် သူ့ဒီဇိုင်းအရတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဟန်းဆက်ရဲ့ အလည်တည့်တည့်မှာထည့်ထားတဲ့ ကင်မရာကိုလည်း အခြား Rotating Camera တွေလို ရှေ့နောက်လှည့်ပြီး ဆယ်လ်ဖီအဖြစ်ပါ သုံးလို့မရနိုင်လောက်ပါ။ ဒီဇိုင်းထဲမှာ Selfie ကင်မရာလည်း မထည့်ထားတာကြောင့် Pop-up Selfie ကင်မရာများ သုံးလာမလားလို့ တွေးစရာဖြစ်ပါတယ်။

Xiaomi ဟာ Foldable ဖုန်းတွေရဲ့ ပြိုင်ပွဲအရှိန်မြင့်နေတုန်းကတော့ သူတို့ရဲ့ထုတ်ကုန်ကို ၂၀၁၉ ပထမ နှစ်ဝက်အမီ ထုတ်မယ်လို့ စီစဉ်ထားပေမယ့် ဦးဆောင်သူဖြစ်တဲ့ Samsung က သူတို့ရဲ့ Galaxy Fold ကို ပြန်လည်ရုပ်သိမ်းပြီးတဲ့နောက် ငြိမ်သက်သွားခဲ့ပါတယ်။ သူတင်မကဘဲ အခြား Huawei တို့လို Foldable ဟန်းဆက်ပြိုင်ပွဲထဲ တက်ကြွစွာပါဝင်ခဲ့သူတွေပါ တိတ်ဆိတ်နေတာကြောင့် Foldable ဖုန်းတွေ ခေတ်ထလာမလားလို့ စောင့်ကြည့်နေသူတွေ မချင့်မရဲဖြစ်စရာပါပဲ။

Ref – GSM Arena