Xiaomi ကနေ အခုလောလောဆယ်မှာ သူ့ရဲ့ စမတ်ဖုန်းတွေအတွက်ထုတ်ပေးထားတဲ့ MIUI Version အသစ်ဖြစ်တဲ့ MIUI 12 Update အတွက် Develop ပြုလုပ်နေမှုတွေကို ခတ္တရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါက Xiaomi ရဲ့ Mi Series စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Redmi Series ဖုန်းတွေအပေါ်ကိုပါ သက်ရောက်မယ်လို့ သိရပါတယ်။

အခုလိုမျိုး ခတ္တရပ်ဆိုင်းလိုက်တာကလည်း Android OS နဲ့ Firmware ပိုင်းမှာ ပြဿနာရှိနေတာကြောင့်မဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား လာမယ့်ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြုလုပ်ဖို့ရှိနေတဲ့ Chinese Dragon Boat Festival ကြောင့် ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi ဖုန်းတွေဟာ လာမယ့် ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။

Xiaomi ဟာ အခုနောက်ဆုံးအနေနဲ့ MIUI 12 Development Version 6.15 Update ကို ထုတ်ပေးထားခဲ့ပြီးတော့ အဆိုပါ Update အပြီးမှာ Speaker အသံအရည်အသွေးက ယခင်တုန်းကထက် သိသိသာသာကျဆင်းသွားတယ်ဆိုပြီး Complain တက်ခံရပါသေးတယ်။ ဒါပေမယ့် Xiaomi ကုမ္ပဏီကတော့ အခုလိုမျိုး အရည်အသွေးကျဆင်းသွားတယ်ဆိုတာ မမှန်ကန်ဘူးဆိုပြီး ဖြေရှင်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် MIUI 12 Update ဟာ Wallpaper အသစ်တွေအပြင် Notification Center ပိုင်းပြောင်းလဲမှုတွေနဲ့ တခြားသော Feature အသစ်တွေအများအပြားပါဝင်လာတဲ့အတွက် အသုံးပြုသူတွေအတွက် မျှော်လင့်နေတဲ့ Update လည်းဖြစ်ပါတယ်။

Ref – Giz China