[Zawgyi]

အိႏၵိယေဈးကြက္အတြင္းကို Mi Pay နဲ႔ Redmi Go ေတြပို႔ေဆာင္ၿပီးတဲ့ေနာက္ Xiaomi ဟာ ေနာက္ထပ္ေၾကညာမႈ တစ္ခုကို ထပ္မံျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ MIUI Camera App မွာ Google Lens ေပါင္းစည္းျခင္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီ App ကို Download လုပ္ၿပီးသြားရင္ ပုံမွန္အတိုင္း အသုံးျပဳလို႔ရၿပီ ျဖစ္ပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး အတည္ျပဳခ်က္ကိုေတာ့ အိႏၵိယဆိုင္ရာ MIUI forums ေတြ႕ျမင္ရပါတယ္။ Google Lens ဆိုတာက ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဧၿပီလကတည္းက Pixel 2 ေတြနဲ႔အတူ မိတ္ဆက္ခဲ့တဲ့ Google ရဲ႕ Feature တစ္ခု ျဖစ္ပါတယ္။ စမတ္ဖုန္းရဲ႕ ကင္မရာနဲ႔ ပူးေပါင္းအသုံးျပဳရတဲ့ Feature တစ္ခုလို႔လည္း ေျပာလို႔ရပါတယ္။

အခုအခ်ိန္မွာေတာ့ Google Lens ဟာ အေဆာက္အဦး၊ လူ၊ တိရိစာၦန္ေတြကိုသာမက အသုံးအေဆာင္ပစၥည္းေတြ၊ စာအုပ္ေတြ၊ စိတ္ဝင္စားစရာ အေၾကာင္းအရာေတြ၊ QR scanner ေတြ၊ အထင္ကရ ေနရာေတြ ကိုပါ ရွာေဖြေပးႏိုင္တဲ့အထိ ႀကီးမားေနၿပီ ျဖစ္ပါတယ္။ Business ကတ္ေတြက အခ်က္အလက္ေတြကိုလည္း အလိုအေလ်ာက္ စုေဆာင္းၿပီး သိမ္းဆည္းထားႏိုင္တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ Google Lens ဟာ စာအုပ္ေတြေပၚက စာသားေတြကိုလည္း ႐ိုက္ကူးရယူၿပီးတဲ့ေနာက္ စာသားအျဖစ္ ေျပာင္းလဲႏိုင္သလို Google Translate မွာ အလြယ္တကူ ဘာသာျပန္ႏိုင္တာလည္း ျဖစ္ပါတယ္။ Google Lens Feature ကို Xiaomi ထုတ္ ဖုန္းေတြျဖစ္တဲ့ Poco F1, Redmi Note 7 နဲ႔ Redmi Y2 ေတြမွာ Beta ROM အေနနဲ႔ သုံးႏိုင္ၿပီးသား ျဖစ္ပါတယ္။ Google Lens ကို Launch လုပ္ဖို႔အတြက္ Latest build ရွိဖို႔လိုအပ္ပါတယ္။

Ref: GSMArena

[Unicode]

MIUI Camera App မှာ Google Lens ပေါင်းစည်းခြင်းကို Xiaomi မိတ်ဆက်

အိန္ဒိယဈေးကွက်အတွင်းကို Mi Pay နဲ့ Redmi Go တွေပို့ဆောင်ပြီးတဲ့နောက် Xiaomi ဟာ နောက်ထပ်ကြေညာမှု တစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ MIUI Camera App မှာ Google Lens ပေါင်းစည်းခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ App ကို Download လုပ်ပြီးသွားရင် ပုံမှန်အတိုင်း အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက်ကိုတော့ အိန္ဒိယဆိုင်ရာ MIUI forums တွေ့မြင်ရပါတယ်။ Google Lens ဆိုတာက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလကတည်းက Pixel 2 တွေနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Google ရဲ့ Feature တစ်ခု ဖြစ်ပါတယ်။ စမတ်ဖုန်းရဲ့ ကင်မရာနဲ့ ပူးပေါင်းအသုံးပြုရတဲ့ Feature တစ်ခုလို့လည်း ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ Google Lens ဟာ အဆောက်အဦး၊ လူ၊ တိရိစ္ဆာန်တွေကိုသာမက အသုံးအဆောင်ပစ္စည်းတွေ၊ စာအုပ်တွေ၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေ၊ QR scanner တွေ၊ အထင်ကရ နေရာတွေ ကိုပါ ရှာဖွေပေးနိုင်တဲ့အထိ ကြီးမားနေပြီ ဖြစ်ပါတယ်။ Business ကတ်တွေက အချက်အလက်တွေကိုလည်း အလိုအလျောက် စုဆောင်းပြီး သိမ်းဆည်းထားနိုင်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Google Lens ဟာ စာအုပ်တွေပေါ်က စာသားတွေကိုလည်း ရိုက်ကူးရယူပြီးတဲ့နောက် စာသားအဖြစ် ပြောင်းလဲနိုင်သလို Google Translate မှာ အလွယ်တကူ ဘာသာပြန်နိုင်တာလည်း ဖြစ်ပါတယ်။ Google Lens Feature ကို Xiaomi ထုတ် ဖုန်းတွေဖြစ်တဲ့ Poco F1, Redmi Note 7 နဲ့ Redmi Y2 တွေမှာ Beta ROM အနေနဲ့ သုံးနိုင်ပြီးသား ဖြစ်ပါတယ်။ Google Lens ကို Launch လုပ်ဖို့အတွက် Latest build ရှိဖို့လိုအပ်ပါတယ်။

Ref: GSMArena