Xiaomi ဟာ အရင်နှစ်က မတူညီတဲ့ Redmi Note 11 Series စမတ်ဖုန်း အနည်းဆုံး ၁၈ မျိူးကို ကြေညာခဲ့ပြီး ကုမ္ပဏီဟာ ဒီနှစ်မှာလည်း Redmi Note 12 Series စမတ်ဖုန်းများစွာကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဒီလထဲမှာ Redmi Note 12 Series တွေကို ကြေညာမယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ဖော်ပြထားပါတယ်။

Xiaomi is launching Redmi Note 12 series this month

ဝီဘိုက ပို့စ်အရ အဓိက နည်းပညာ ၂ ခု ပါလာမှာ ဖြစ်ပြီး ၁ ခုက ကမ္ဘာ့ ပထမဆုံး ဖြစ်လာမှာပါ။

Redmi Note 12 series listed online ahead of launch: variants, specifications

အဲဒီ Redmi Note 12 Series စမတ်ဖုန်းတွေရဲ့ အမည်ကို ကုမ္ပဏီက မပြောသေးပေမယ့် ပေါက်ကြားနေတဲ့ သတင်းတွေအရ Redmi Note 12, Redmi Note 12 Pro နဲ့ Redmi Note 12 Pro+ စတဲ့ စမတ်ဖုန်း ၃ လုံး ဖြစ်လာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေမှာ 67W, 120W နဲ့ 210W Fast Charging နည်းပညာတွေ အသီးသီး ထည့်သွင်းထားမယ်လို့ မှတ်ပုံတင် သတင်းအချက်အလက်တွေမှာ သိရပါတယ်။

ပေါက်ကြားသတင်းတွေအရ Redmi Note 12 Pro ဖုန်းတွေမှာ MediaTek ရဲ့ နောက်ဆုံးထုတ် Chipset ဖြစ်တဲ့ Dimensity 1080 မောင်းနှင်ထားနိုင်ပါတယ်။ MediaTek ဟာ Dimensity 920 ရဲ့ မျိုးဆက်သစ် အဖြစ် ဒီလ အစောပိုင်းမှာ Dimensity 1080 ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ Redmi ဖုန်းတွေမှာ ပါလာနိုင်တဲ့ MediaTek Dimensity 1080 Chipset ရဲ့ အကြီးမားဆုံး တိုးတက်မှုတွေထဲက ၁ ခုက 200MP ကင်မရာတွေကို ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။

Ref : gsmarena