[Zawgyi]

ေအာက္တိုဘာလ ၁၅ရက္ေန႔မွာ Xiaomi ကေန Mi MIX 3 ေတြကို မိတ္ဆက္လာေတာ့မယ့္အေၾကာင္း လြန္ခဲ့တဲ့ရက္ပိုင္းက ပိုစတာတစ္ခုမွာ ေဖာ္ျပခဲ့ျပီးပါျပီ။ အခု  ပိုစိတ္ဝင္စားစရာေကာင္းလာတာက Mi MIX 3 ေတြနဲ႔အတူတူ တစ္ရက္တည္းမွာထြက္ရိွလာေတာ့မယ့္ ေနာက္ထပ္ဖုန္းတစ္လံုးပါ။ Xiaomi Mi Mix 3 ဆိုတာကေတာ့ ၾသဂုတ္လကတည္းက Xiaomi ရဲ႕ စီအီးအိုကိုယ္တုိင္ နည္းနည္းေဖာ္ျပခဲ့ဖူးေတာ့ ထြက္လာေတာ့မယ္မွန္း သိေပမယ့္ ဒီ Xiaomi LEX ေလးကေတာ့ ျပီးခဲ့တဲ့ရက္ပိုင္းကမွ သတင္းစၾကားရတာပါ။ ေအာက္တိုဘာ ၁၅မွာ ထြက္လာမယ့္ ေနာက္ထပ္ဖုန္းတစ္လံုးကေတာ့ အစက Xiaomi LEX လုိ႔ အားလံုးသိထားၾကတဲ့ Mi Note 4 ေလးပါ။ သူကေတာ့ ၂၀၁၇ စက္တင္ဘာတုန္းက ထြက္ခဲ့တဲ့ Mi Note 3 ရဲ႕ ေနာက္မ်ိဳးဆက္ဖုနး္တစ္လံုးျဖစ္ျပီးေတာ့ LEX ဆိုတာက သူ႔ရဲ႕ ဖုန္းရဲ႕နာမည္ဝွက္ပါ။ Mi Note 4 နဲ႔ပတ္သတ္ျပီးေတာ့ေတာ့ သူ႔မွာ AI Assistant ခလုတ္ပါတယ္ဆိုတာကလြဲရင္ က်န္တာမသိရေပမယ့္ ေသခ်ာတာကေတာ့ မႏွစ္ကဖုန္းနဲ႔ ယွဥ္လိုက္ရင္ အသစ္လဲကိုင္ခ်င္ေလာက္ေအာင္ မိုက္သြားတဲ့ ဖုန္းတစ္လံုးျဖစ္ဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။ အေပၚမွာျပထားတဲ့ ပိုစတာမွာေတာ့ Gradient ေနာက္ခံအေရာင္နဲ႔လာတာဆိုေတာ့ ဖုန္းမွာလည္း အေရာင္ေျပး Color ေလးေတြ ေတြ႔ရဦးမယ္ ထင္ပါတယ္။ Mi Mix 3 ေတြကိုေတာ့ Nanjing မွာမိတ္ဆက္သြားမွာျဖစ္ျပီး သူ႔ရဲ႕ပိုစတာေနာက္ခံအေရာင္ကလည္း Aurora အေရာင္ျဖစ္ေနေတာ့ ဒီအေရာင္ေလးနဲ႔ထြက္လာမလား ရင္ခုန္စရာပါပဲ။ Mi Mix 3 ေလးမွာ Bezeless Display, Snapdragon 845 Processor နဲ႔ AI Assistant တို႔ထက္ ဘာေတြစိတ္ဝင္စားစရာေတြ ပါလာႏိုင္ဦးမလဲ??

Ref:  GizmoChina

[Unicode]

အောက်တိုဘာလ ၁၅ရက်နေ့မှာ Xiaomi ကနေ Mi MIX 3 တွေကို မိတ်ဆက်လာတော့မယ့်အကြောင်း လွန်ခဲ့တဲ့ရက်ပိုင်းက ပိုစတာတစ်ခုမှာ ဖော်ပြခဲ့ပြီးပါပြီ။ အခု  ပိုစိတ်ဝင်စားစရာကောင်းလာတာက Mi MIX 3 တွေနဲ့အတူတူ တစ်ရက်တည်းမှာထွက်ရှိလာတော့မယ့် နောက်ထပ်ဖုန်းတစ်လုံးပါ။ Xiaomi Mi Mix 3 ဆိုတာကတော့ သြဂုတ်လကတည်းက Xiaomi ရဲ့ စီအီးအိုကိုယ်တိုင် နည်းနည်းဖော်ပြခဲ့ဖူးတော့ ထွက်လာတော့မယ်မှန်း သိပေမယ့် ဒီ Xiaomi LEX လေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ သတင်းစကြားရတာပါ။ အောက်တိုဘာ ၁၅မှာ ထွက်လာမယ့် နောက်ထပ်ဖုန်းတစ်လုံးကတော့ အစက Xiaomi LEX လို့ အားလုံးသိထားကြတဲ့ Mi Note 4 လေးပါ။ သူကတော့ ၂၀၁၇ စက်တင်ဘာတုန်းက ထွက်ခဲ့တဲ့ Mi Note 3 ရဲ့ နောက်မျိုးဆက်ဖုန်းတစ်လုံးဖြစ်ပြီးတော့ LEX ဆိုတာက သူ့ရဲ့ ဖုန်းရဲ့နာမည်ဝှက်ပါ။ Mi Note 4 နဲ့ပတ်သတ်ပြီးတော့တော့ သူ့မှာ AI Assistant ခလုတ်ပါတယ်ဆိုတာကလွဲရင် ကျန်တာမသိရပေမယ့် သေချာတာကတော့ မနှစ်ကဖုန်းနဲ့ ယှဉ်လိုက်ရင် အသစ်လဲကိုင်ချင်လောက်အောင် မိုက်သွားတဲ့ ဖုန်းတစ်လုံးဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ အပေါ်မှာပြထားတဲ့ ပိုစတာမှာတော့ Gradient နောက်ခံအရောင်နဲ့လာတာဆိုတော့ ဖုန်းမှာလည်း အရောင်ပြေး Color လေးတွေ တွေ့ရဦးမယ် ထင်ပါတယ်။ Mi Mix 3 တွေကိုတော့ Nanjing မှာမိတ်ဆက်သွားမှာဖြစ်ပြီး သူ့ရဲ့ပိုစတာနောက်ခံအရောင်ကလည်း Aurora အရောင်ဖြစ်နေတော့ ဒီအရောင်လေးနဲ့ထွက်လာမလား ရင်ခုန်စရာပါပဲ။ Mi Mix 3 လေးမှာ Bezeless Display, Snapdragon 845 Processor နဲ့ AI Assistant တို့ထက် ဘာတွေစိတ်ဝင်စားစရာတွေ ပါလာနိုင်ဦးမလဲ??

Ref:  GizmoChina