Xiaomi က စွမ်းရည်မြင့် ဖုန်းတွေအတွက် အထူးထုတ် မော်ဒယ်တွေကို ထုတ်လုပ်ရောင်းချလေ့ရှိပြီး အနောက်ဘက်ဟာ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီ ဖုန်းတွေကို Explorer Edition လို့ နာမည်ပေးလေ့ရှိပြီး Xiaomi Mi 8 နဲ့ Mi 9 အတွက် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် Mi 10/10 Pro Explorer Edition ကို မထုတ်လုပ်ဘူးလို့ Xiaomi က ကြေညာထားပါတယ်။

အခုတော့ Xiaomi ရဲ့ အကြီးတန်း ထုတ်ကုန် မန်နေဂျာ Daniel D က တွစ်တာမှာ Redmi K30 Pro Explorer Edition နမူနာ မော်ဒယ်ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ သူက Custom Redmi K30 Pro လို့ ပြောတဲ့အတွက် မကြာခင် ရောင်းချမှာ မဟုတ်ပါဘူး။ Xiaomi က ဒီဖုန်းကို လူတွေ ဘယ်လောက် စိတ်ဝင်စားလဲဆိုတာကို စမ်းသပ်တာလည်း ဖြစ်နိုင်ပါတယ်။

အရင်ကထုတ်ခဲ့တဲ့ Explorer Edition စမတ်ဖုန်းတွေမှာ အတွင်းပိုင်း အစိတ်အပိုင်း တချို့ကို မြင်ရပေမယ့် လှပအောင် တချို့ အစိတ်အပိုင်းတွေကို အတုပြုလုပ်ထည့်သွင်းထားပါတယ်။ ကြည့်ရဆိုးတဲ့ တချို့ အစိတ်အပိုင်းတွေကို ဖုံးကာထာပါတယ်။ အခု Redmi K30 Pro မှာ အနောက်ဘက် ၁ ခုလုံးကို ဖောက်ထွင်းမြင်ရအောင် ပြုလုပ်ထားပါတယ်။ အဲဒီ Custom Editiion ကို ရောင်းချမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena