စမတ်ဖုန်းထုတ်လုပ်သူတွေကနေ ယခုနှစ်အတွင်းမှာ စျေးနှုန်းပိုမိုသက်သာတဲ့ 5G စမတ်ဖုန်းတွေကို မြင်တွေ့ရမယ်ဆိုပြီး ပြောကြားနေကြတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ €349 (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ပဲကျသင့်မယ့် MI 10 Lite 5G စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါပြီ။

အခု Xiaomi Mi 10 Lite ဖုန်းကို Mi 10 Series Global Version တွေနဲ့အတူတူမိတ်ဆက်ခဲ့တာဖြစ်ပြီး Design ပိုင်းအရ ပုံမှန် Mi 10 Series တွေကနေ ကွာခြားနေတာကိုလည်း တွေ့ရပါတယ်။ နောက်ဖက် Camera Design ကိုလည်း Square Camera Design ပြုလုပ်ထားပြီး Punch-hole Display အစား Waterdrop Notch ကိုပဲ အသုံးပြုလာခဲ့တာပါ။

ဒါပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm Snapdragon 765G 5G Chipset ကိုအသုံးပြုထားပြီး RAM ဘယ်လောက်ပါဝင်မလဲဆိုတာကို မဖော်ပြခဲ့ပေမယ့် LPDDR4X RAM အမျိုးအစားနဲ့ 64GB သို့မဟုတ် 128GB UFS 2.1 Storage ပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့တော့ Quad Camera Setup ဖြစ်နေပေမယ့် Xiaomi ကနေ Primary Sensor ကို 48MP Sensor တပ်ဆင်ထားတယ်လို့ပဲ ပြောကြားခဲ့ပြီးတော့ ကျန်တဲ့ Sensor တွေကိုတော့ ဖော်ပြသွားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် AI Dynamic Skyscapping ၊ Vlog Mode ၊ Night Mode 2.0 ၊ ShowSteady ၊ 120fps Slow-motion Video Recording နဲ့ Pro Mode လိုမျိုး Feature အစုံအလင်ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Selfie Camera ပါဝင်မှာပါ။

Display အနေနဲ့ Mi 10 Lite 5G စမတ်ဖုန်းဟာ 6.57″ Full HD+ AMOLED Display ကို အသုံးပြုထားပြီး Under-display Fingerprint လည်းပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 4160mAh Battery ပါဝင်မှာဖြစ်ပြီး 20W Fast Charging ကိုလည်း Support ပြုလုပ်မှာပါ။

ယခု Xiaomi Mi 10 Lite ဖုန်းကို လာမယ့် မေလအစောပိုင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး 64GB Version ကို €349 (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) နဲ့ 128GB Version ကို €399 (မြန်မာငွေ ၆ သိန်း ၂ သောင်းဝန်းကျင်) ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena