Xiaomi Mi 10 Pro ဖုန်းဟာ လက်ရှိအချိန်မှာ Camera ကို စစ်ဆေးတဲ့ Website ဖြစ်တဲ့ DxOMark ရဲ့ ကင်မရာအကောင်းဆုံးဖုန်းတွေထဲမှာ အဆင့် (၃) နေရာကို OPPO Find X2 Pro ဖုန်းနဲ့အတူ ရရှိထားတာဖြစ်ပါတယ်။ ဒါက Xiaomi အတွက်တော့ ယခင်နှစ်တွေကထက် Camera ပိုင်းမှာ တကယ့် Flagship အဆင့်သတ်မှတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။

အခုလည်း DxOMark ကနေ Xiaomi Mi 10 Pro ဖုန်းရဲ့ Selfie Camera ကို စစ်ဆေးထားတဲ့ရလဒ်တွေကို ထုတ်ပြန်လိုက်ပါတယ်။ Xiaomi Mi 10 Pro ဟာ စုစုပေါင်းရမှတ် ၈၃ မှတ်ပဲရရှိခဲ့ပြီးတော့ Flagship ဖုန်းတွေရဲ့ Selfie Camera အဆင့်ကို မမှီခဲ့ဘဲ High End ဖုန်းတွေနဲ့ တန်းတူလောက်ပဲလို့ သတ်မှတ်ခံခဲ့ရပါတယ်။

Apple ရဲ့  $399 ကနေ စတင်တဲ့ iPhone SE (2020) လိုမျိုး စမတ်ဖုန်းတောင်မှ Selfie Camera ပိုင်း ရမှတ် ၈၅ မှတ်အထိ ရရှိခဲ့တဲ့အတွက် Mi 10 Pro ထက်တောင် ပိုကောင်းနေတာဖြစ်ပါတယ်။ လက်ရှိ Selfie Camera အကောင်းဆုံးဖုန်းကတော့ Huawei P40 Pro ဖြစ်ပြီး စုစုပေါင်းရမှတ်အနေနဲ့ ၁၀၃ မှတ်အထိ ရရှိထားတာလည်းဖြစ်ပါတယ်။

အသေးစိတ်ရမှတ်တွေအနေနဲ့ကတော့ Mi 10 Pro ဖုန်းက Photos ပိုင်းမှာ ၈၄ မှတ်နဲ့ Video ပိုင်းမှာ ၈၁ မှတ်အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ DxOMark ရဲ့ သုံးသပ်ချက်အရတော့ Dynamic Range ပိုင်းမှာ အားနည်းနေသလို Highlight တွေနဲ့ Color Rendering ပိုင်းမှာလည်းတိုးတက်ဖို့လိုအပ်သေးတယ်လို့ သိရပါတယ်။ ကျန်တဲ့ Exposure နဲ့ White Balance ပိုင်းမှာတော့ အဆင်ပြေတဲ့ရလဒ်တွေကိုပေးစွမ်းနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း Xiaomi Mi 10 Pro ရဲ့ Selfie Camera ဟာ Back Camera ပိုင်းမှာ ရမှတ်အတူတူရရှိထားတဲ့ OPPO Find X2 Pro ဖုန်းလိုမျိုး Selfie Camera မှာ ရမှတ် ၇၂ မှတ်ပဲရရှိတဲ့အထိ မဆိုးရွားတဲ့အတွက် လက်ခံနိုင်တဲ့အဆင့်မှာရှိတယ်လို့ ပြောရမှာပါ။

Ref – Gizmo China