Xiaomi Mi 10 Ultra ဟာ ကမ္ဘာ့ ပထမဆုံး နည်းပညာတွေ ပါလာတဲ့ အလန်းစား ဖုန်း ဖြစ်ပါတယ်။ အခုလည်း Xiaomi က အဲဒီဖုန်းနဲ့ ထူးထူးဆန်းဆန်းတွေ လုပ်ပြဦးမှာပါ။ မကြာခင်က Xiaomi မျှဝေလိုက်တဲ့ ပိုစတာမှာ Mi 10 Ultra နဲ့ မိုင်ထောင်ပေါင်းများစွာက ကားကို ထိန်းချုပ် မောင်းနှင်ပြမှာပါ။ ဒီလို လုပ်နိုင်ဖို့ ဖုန်းရဲ့ 5G Low-latency Network ကို အသုံးပြုမှာပါ။ မနက်ဖြန်မှာ ဘယ်သူမှ မလုပ်ပြဖူးတဲ့ အရာကို လုပ်ပြတော့မယ်လို့ ရေးသားထားပြီး ကားမော်ဒယ်ကို မသိရသေးပါဘူး။

ပိုစတာမှာ ကားကို ထိန်းချုပ်နေတဲ့ Mi 10 Ultra ရဲ့ UI ကို မြင်ရပါတယ်။ Mi 10 Ultra ကို Mi 10 Extreme Commemorative Edition လို့လည်း ခေါ်ပြီး Snapdragon 865 နဲ့ NSA/ SA 5G ကွန်ရက်တွေ ထောက်ပံ့ထားပါတယ်။ 120x Ultra-telephoto Lens ပါတဲ့ Xiaomi ရဲ့ ပထမဆုံး ဖုန်းဆိုလည်း မမှားပါဘူး။ 120Hz Refresh Rate နဲ့ 120W Wired Fast Charging ၊ 50W Wireless Fast Charging ၊ 10W Reverse Wireless Charging တွေကလည်း အလန်းစားတွေပါ။

ကင်မရာ အပိုင်းကို ပြောရရင် Mi 10 Ultra ရဲ့ အနောက်ဘက်မှာ 48MP , 12MP Telephoto , 48MP, 20MP Ultrawide Angle ကင်မရာတွေ ပါပါတယ်။ 8/128GB , 8/256GB , 12/256GB နဲ့ 16/512GB Version ၄ မျိုးထုတ်လုပ်ထားပြီး ၅,၂၉၉ ၊ ၅,၅၉၉ ၊ ၅,၉၉၉ နဲ့ ၆,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၀ သိန်း ၃ သောင်း၊ ၁၀ သိန်း ၉ သောင်း၊ ၁၁ သိန်း ၇ သောင်းနဲ့ ၁၃ သိန်း ၆ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။

Ref : gizchina