Xiaomi ဟာ ပြီးခဲ့တဲ့လတုန်းက Mi 11 ကို တရုတ်ပြည်တွင်းဈေးကွက်မှာ ကြေညာသွားခဲ့ပါတယ်။ ဒီစမတ်ဖုန်းက Snapdragon 888 အသုံးပြုထားတဲ့ စမတ်ဖုန်းတွေအနက် အစောဆုံးအဖြစ် ဈေးကွက်ထဲကို ရောက်ခဲ့တာပါ။ ဒီနောက်မှာတော့ Xiaomi ဟာ Mi 11 ကို နိုင်ငံတကာဈေးကွက်ဆီ ပို့ဆောင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတာကိုလည်း တွေ့မြင်ရပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ Xiaomi ဟာ Mi 11 ကို နိုင်ငံတကာဈေးကွက်ထဲ မကြာခင်ပို့ဆောင်မယ်လို့ Tease လုပ်လိုက်ပါတယ်။ အခုတော့ Mi 11 global version ကို စင်ကာပူရဲ့ IMDA certification ရရှိတာတွေ့လာရသလို Geekbench ပေါ်မှာလည်း တွေ့မြင်လာရပြီဖြစ်ပါတယ်။ ဒါကြောင့် Mi 11 global version ဈေးကွက်ထဲရောက်ဖို့ အကြာကြီးမစောင့်ရဘူးဆိုတာ ပိုသေချာသွားပါတယ်။

IMDA database မှာတော့ မော်ဒယ်နံပါတ် M2011K2G နဲ့တွေ့မြင်ရပါတယ်။ Mi 11 မဖြန့်ချိခင်ကတည်းက တူညီတဲ့ Device ကို တရုတ် 3C certification မှာ မော်ဒယ်နံပါတ် M2011K2C နဲ့ တွေ့မြင်ခဲ့ရပါသေးတယ်။ အခု Geekbench မှာတွေ့မြင်ရတဲ့ Device ရဲ့ ကုဒ်နာမည်ကတော့ “Venus” ဖြစ်ပါတယ်။ အစပြန်ဆွဲထုတ်ရမယ်ဆိုရင်တော့ Xiaomi ဟာ Mi 11 ဖြန့်ချိပြီးတဲ့နောက် Kernel source code ကို ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲဒီမှာလည်း မူကွဲ Device ရဲ့ ကုဒ်နာမည်ကို “Venus” အဖြစ် ပြသခဲ့ပါတယ်။

ဒါကြောင့် အခုထိတွေ့ရှိနေရတဲ့ အချက်အလက်တွေကို စုစည်းသုံးသပ်လိုက်တဲ့အခါ Suffix-“G နဲ့ Device ဟာ Mi 11 (Global အတွက်ဖြစ်နိုင်)လို့ ရှင်းရှင်းလင်းလင်း ညွှန်ပြနေပါတယ်။ ဒါကိုအတည်ပြုဖို့ Geekbench ကိုကြည့်တဲ့အခါ Listing အသစ်မှာ မော်ဒယ်နံပါတ် “M2011K2G” နဲ့ “Venus” ဟာ Snapdragon 888 SoC, 12GB of RAM နဲ့ Android 11 မောင်းနှင်ထားတာကို တွေ့မြင်ရပါတယ်။

Mi 11 Global ကို ဘယ်အချိန်မှာ တရားဝင်ကြေညာမလဲဆိုတာတော့ ကုမ္ပဏီကမထုတ်ပြန်သေးပါဘူး။ များသောအားဖြင့်တော့ Global ဗားရှင်းတွေက တရုတ်ပြည်တွင်းဈေးကွက်မှာရောင်းချတာနဲ့ တူညီလေ့ရှိပါတယ်။ ဒါကြောင့် Mi 11 Global မှာ 3200 x 1400p resolution နဲ့ 6.8-inch 2K display ဖြစ်ပြီး 120Hz refresh rate, 480Hz touch sampling rate တွေ ထောက်ပံ့ထားမယ်လို့ ယုံကြည်ရပါတယ်။

အတွင်းအစိတ်အပိုင်းတွေကတော့ Snapdragon 888, 8/12GB of RAM နဲ့ 128/256GB storage တွေ ဖြစ်ပါလိမ့်မယ်။ ဘက်ထရီကတော့ 4,600mAh ပမာဏ၊ 55W ကြိုးတပ်အားသွင်းစနစ်၊ 50W ကြိုးမဲ့အားသွင်းစနစ်နဲ့ 10W reverse wireless charging စနစ်တွေထောက်ပံ့မယ်လို့ မျှော်လင့်ရပါတယ်။ Blue, Black နဲ့ White စတဲ့အရောင်သုံးမျိုးကိုလည်း ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် Xiaomi ဟာ Mi 11 Global ဗားရှင်းအတွက် Smoky Purple, Khaki leather editions, ဒါမှမဟုတ် Lei Jun’s Signature Edition တွေကိုလည်း ထုတ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina