Xiaomi ရဲ့ စွမ်းရည်မြင့် Mi 11 Series ရဲ့ သတင်းတွေ စတင် ထွက်ပေါ်နေပါပြီ။ ဒီ ၁ ပတ် အစောပိုင်းက Pro မှာ QHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါမယ်လို့ သတင်းထွက်ခဲ့ပြီး အခုတော့ ကင်မရာနဲ့ မျက်နှာပြင် သတင်းအချက်အလက်တွေ ပိုထွက်လာပါတယ်။

MIUI 12 camera features for the Xiaomi Mi 11 Pro

နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Digital Chat Station က အဲဒီ စမတ်ဖုန်းမှာ 50MP Main ကင်မရာနဲ့ 12MP Telephoto ကင်မရာ ပါမယ်လို့ သတင်းပေးထားပါတယ်။ ဆော့ဖ်ဝဲအပိုင်းကို ပြောရရင် MIUI 12 ထည့်သွင်းထားပြီး MEMC Support နဲ့ AI HDR Enhancements ပါလာမယ်လို့ Internal Beta Firmware ရဲ့ Screenshot အရ သိရပါတယ်။

Xiaomi's Mi 11 Pro Tipped to Feature a QHD+ Display With 120Hz Refresh Rate | Technology News

Xiaomi  ဟာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ပိုကောင်းစေမယ့် လုပ်ဆောင်ချက် တချို့ကို ဖန်တီးနေတယ်လို့ သိရပါတယ်။
AI ကို အသုံးပြုကာ ကင်မရာရဲ့ အရှေ့ဘက်က Object ကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး လိုအပ်တဲ့ HDR Effect ကို ထောက်ပံ့ပေးနိုင်ပါတယ်။ OPPO Find X2 Pro ကလို နည်းပညာမျိုး ဖြစ်တယ်လို့ သိရပါတယ်။

Digital Chat Station က Telephoto Lens အနောက်က ဆန်ဆာ အမျိုးအစားကို မသိသေးဘူးလို့ ပြောပါတယ်။ 12MP Resolution ဖြစ်နိုင်သလို 4-to-1 Binning ထောက်ပံ့နိုင်တဲ့ 48MP Quad-bayer ဆန်ဆာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena