၂၀၁၇ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Mi 6 ဟာ Xiaomi ရဲ့ Mi စီးရီးတွေထဲမှာ လူကြိုက်များပြီး အောင်မြင်မှုကြီးမားခဲ့တယ်လို့ ဆိုရမှာပါ။ Mi 6 ကို လူကြိုက်များရတဲ့အကြောင်းရင်းမှာ ချောမွေ့တဲ့ဒီဇိုင်းအပြင် ကျစ်လျစ်တဲ့ တည်ဆောက်ပုံကလည်း အရေ:ပါတဲ့ ကဏ္ဍတစ်ရပ် ဖြစ်ခဲ့ပါတယ်။

အခုတော့ Mi 6 Silver Edition နဲ့ Mi 7 ရှေ့ပြေးပုံစံကို တရုတ်နိုင်ငံရဲ့ e-commerce ဝက်ဘ်ဆိုက် နှစ်ခုမှာ ရောင်းချနေတယ်လို့ သိရပါတယ်။ Mi 6 Silver Edition ဟာ ၁၉,၉၉၉ ယွမ် ($2,831 ဝန်းကျင်) နဲ့ဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ၃၉ သိန်း ၇ သောင်းနီးပါး ဖြစ်ပါလိမ့်မယ်။ အလုံးရေ ကန့်သတ်ထားတာဖြစ်ပြီး ဒါဇင်အနည်းငယ်သာ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

Mi 6 Silver Edition ဟာ ကိုယ်ထည်ကို stainless steel frame နဲ့ ပြုလုပ်ထားတာဖြစ်ပေမယ့် ကျောဘက်ကိုယ်ထည်ကတော့ Ultra-reflective mirror ပါဝင်တဲ့ Glass panel တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ Mi 7 prototype ကတော့ ဈေးကွက်ထဲတင်ရောင်းတယ်ဆိုပေမယ့် တရုတ်ရဲ့ သုံးပြီးသားအဟောင်းဈေးကွက်ဖြစ်တဲ့ Xianyu မှာ တင်ရောင်းထားတာပါ။

Mi 7 prototype အတွက်ခေါ်ဈေးက ၁,၀၀၀,၂၀၀ ယွမ် ($141,627ဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်ဒေါ်လာနဲ့နှုန်းထားကို မြန်မာငွေနဲ့တွက်ကြည့်လိုက်တော့ ၁၉၇၉ သိန်းကျော်လို့ ပြောရမှာပါ။ (တရုတ် ယွမ်ငွေနဲ့ တိုက်ရိုက်တွက်ရင်တော့ ဈေးနှုန်းကွာဟမှုရှိပါတယ်) ဈေးကွက်ထဲမရောက်တဲ့ ရှားပါးပစ္စည်းတွေကို စုဆောင်းချင်တဲ့ သူဌေးတွေအတွက် ရည်ရွယ်ပြီးဈေးခေါ်ထားတယ်လို့ ယူဆရပါတယ်။

Mi 7 Prototype ရဲ့ Specs page မှာတော့ ကုဒ်နာမည်ကို dipper_old အနေနဲ့တွေ့ရပြီး Snapdragon 845 chipset အသုံးပြုထားကြောင်း ပြသနေပါတယ်။ မျက်နှာပြင်ကတော့ 6.02-inch OLED display ဖြစ်ပါတယ်။ ကျောဘက်ဒီဇိုင်းကတော့ Mi 6 နဲ့ ပုံစံတူပြီး  Curved back panel ဒီဇိုင်းဖြစ်ပါတယ်။

Ref: Gizmochina