[Zawgyi]

Xiaomi ရဲ႕ Mi 8 Flagship ဖုန္းရဲ႕ Low-End Version လို႔ေခၚရမယ့္ Mi 8 Lite က မၾကာခင္မွာပဲ အေရာင္သစ္တစ္ေရာင္၊ RAM 8GB နဲ႔အတူ ထြက္လာေတာ့မယ္ထင္ပါတယ္။ အရင္လကပဲ Mi 8 Lite ကို မိတ္ဆက္ခဲ့ျပီး 6.3-inch LCD Screen ကို ထိပ္ဖက္ Notch နဲ႔ Snapdragon 660 ေတြနဲ႔ ထြက္ရိွလာခဲ့တာပါ. အရင္က RAM 4GB/ROM 64GB နဲ႔ RAM 6GB/ROM 128GB ဆိုျပီး ၂မ်ိဳးထြက္ထားတာျဖစ္ပါတယ္။

ဒီတစ္ေခါက္ TENAA ကထြက္လာတဲ့ သတင္းအရ Mi 8 Lite ရဲ႕ ေမာ္ဒယ္လ္နံပါတ္က M1808D2TT ျဖစ္ျပီး ေရွ႕ေနာက္အနက္ေရာင္ကိုမွ  အလယ္ေခါင္ Frame နဲ႔ ေဘးခလုတ္ေတြက လိေမၼာ္ေရာင္ေလးနဲ႔ပါ။ ကင္မရာကို ကြပ္ထားတဲ့အကြပ္ေလးကေတာ့ ခရမ္းေရာင္ေလးနဲ႔ FingerPrint Scanner ကို ကြပ္ထားတဲ့အကြပ္ေလးကေတာ့ ပန္းေရာင္ေလးထင္ပါတယ္။ ဒီဇုိင္းထက္ ပိုအေရးၾကီးတဲ့ Specs က သူ႔မွာ RAM 8GB ဆိုျပီး ေရြးခ်ယ္စရာတစ္ခု တိုးလာတာပါ။

TENAA မွာေတြ႔ရတဲ့ Specs တစ္ခ်ိဳ႕ကေတာ့ လက္ရိွ Mi 8 Lite ဗားရွင္းနဲ႔ နည္းနည္းေလး ကြာျခားေနတာ ေတြ႔ရပါတယ္။  လက္ရိွဗားရွင္းမွာ 3350mAh Battery သံုးထားေပမယ့္ အခုဗားရွင္းမွာက 3250mAh Battery ကိုသံုးထားပါတယ္။ 24MP Selfie ကင္မရာခ်င္းကေတာ့ တူတူေပမယ့္ Main Camera ကေတာ့ လက္ရိွဗားရွင္းမွာ 12MP+5MP အခုထြက္လာတဲ့သတင္းမွာ 12MP+8MP ကင္မရာကို သံုးထားမယ္လို႔ သိရပါတယ္။

အခုဆုိ Xiaomi Mi 8 Lite ရဲ႕ ဒီဗားရွင္းအသစ္ေလးက TENAA ကေန တရားဝင္ခြင့္ျပဳခ်က္ရခဲ့ျပီျဖစ္ျပီး မၾကာခင္မွာပဲ တရားဝင္မိတ္ဆက္လာေတာ့မယ္လို႔ ခန္႔မွန္းရပါတယ္။

Source: PhoneArena, TENAA

[Unicode]

Xiaomi ရဲ့ Mi 8 Flagship ဖုန်းရဲ့ Low-End Version လို့ခေါ်ရမယ့် Mi 8 Lite က မကြာခင်မှာပဲ အရောင်သစ်တစ်ရောင်၊ RAM 8GB နဲ့အတူ ထွက်လာတော့မယ်ထင်ပါတယ်။ အရင်လကပဲ Mi 8 Lite ကို မိတ်ဆက်ခဲ့ပြီး 6.3-inch LCD Screen ကို ထိပ်ဖက် Notch နဲ့ Snapdragon 660 တွေနဲ့ ထွက်ရှိလာခဲ့တာပါ. အရင်က RAM 4GB/ROM 64GB နဲ့ RAM 6GB/ROM 128GB ဆိုပြီး ၂မျိုးထွက်ထားတာပါ။

ဒီတစ်ခေါက် TENAA ကထွက်လာတဲ့ သတင်းအရ Mi 8 Lite ရဲ့ မော်ဒယ်လ်နံပါတ်က M1808D2TT ြဖစ်ပြီး ရှေ့နောက်အနက်ရောင် အလယ်ခေါင် Frame နဲ့ ဘေးခလုတ်တွေက လိမ္မော်ရောင်လေးနဲ့ပါ။ ကင်မရာကို ကွပ်ထားတဲ့အကွပ်လေးကတော့ ခရမ်းရောင်လေးနဲ့ FingerPrint Scanner ကို ကွပ်ထားတဲ့အကွပ်လေးကတော့ ပန်းရောင်လေးထင်ပါတယ်။ ဒီဇိုင်းထက် ပိုအရေးကြီးတဲ့ Specs က သူ့မှာ RAM 8GB ဆိုပြီး ရွေးချယ်စရာတစ်ခု တိုးလာတာပါ။

TENAA မှာတွေ့ရတဲ့ Specs တစ်ချို့ကတော့ လက်ရှိ Mi 8 Lite ဗားရှင်းနဲ့ နည်းနည်းလေး ကွာခြားနေတာ တွေ့ရပါတယ်။  လက်ရှိဗားရှင်းမှာ 3350mAh Battery သုံးထားပေမယ့် အခုဗားရှင်းမှာက 3250mAh Battery ကိုသုံးထားပါတယ်။ 24MP Selfie ကင်မရာချင်းကတော့ တူတူပေမယ့် Main Camera ကတော့ လက်ရှိဗားရှင်းမှာ 12MP+5MP အခုထွက်လာတဲ့သတင်းမှာ 12MP+8MP ကင်မရာကို သုံးထားမယ်လို့ သိရပါတယ်။

အခုဆို Xiaomi Mi 8 Lite ရဲ့ ဒီဗားရှင်းအသစ်လေးက TENAA ကနေ တရားဝင်ခွင့်ပြုချက်ရခဲ့ပြီဖြစ်ပြီး မကြာခင်မှာပဲ တရားဝင်မိတ်ဆက်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။

Source: PhoneArena, TENAA