Zawgyi

ေနာက္ထပ္ Xiaomi ဟန္းဆက္တစ္လုံးကေတာ့ TENAA မွာအသိအမွတ္ျပဳခံခဲ့ရၿပီး ေမာ္ဒယ္နံပါတ္ M1904F3BC လို႔ေပးထားပါတယ္။ တြက္ခ်က္မႈေတြအရေတာ့ ဒီဖုန္းဟာ မၾကာခင္ထြက္လာမယ္ဆုိတဲ့ Mi CC9e ပဲျဖစ္မွာပါ။

Mi CC9e လို႔ယူဆရတဲ့ဖုန္းရဲ႕ TENAA စာရင္းမွာ Specs ေတြကိုေတာ့ သိပ္မ်ားမ်ားစားစား မေတြ႕ခဲ့ရပါဘူး။ ဒါေပမယ့္ ဖုန္းမွာ Dual-SIM ေထာက္ပံ့မႈနဲ႔ Android OS အသုံးျပဳလာမယ္ဆုိတာ သိခြင့္ရခဲ့သလို ဒီဇုိင္းကလည္း Xiaomi Mi 9 နဲ႔ ေတာ္ေတာ္ေလးဆင္တူေနတာကို သိခဲ့ရပါတယ္။

သိရသေလာက္ကေတာ့ 6.39” လက္မအရြယ္ AMOLED Display နဲ႔အတူ Waterdrop Notch နဲ႔ In-display Fingerprint တုိ႔ ပါဝင္မယ္။ Selfie ကင္မရာက 32MP ျဖစ္ၿပီး ေနာက္ေက်ာဘက္ကင္မရာက 48MP အဓိက Sensor နဲ႔တြဲထားတဲ့ Triple-camera ေတြပါ။

Mi CC9e စမတ္ဖုန္းဟာ Snapdragon 712 ခ်စ္ပ္ဆက္သုံးစြဲထားၿပီး 4,000 mAh ဘကၳရီႀကီးကို 18W အားအျမန္သြင္းစနစ္နဲ႔ ထည့္ေပးထားပါတယ္။ အၾကမ္းဖ်င္းေျပာရရင္ေတာ့ ဒီဖုန္းဟာ Mi 9 Flagship စမတ္ဖုန္းနဲ႔ Mi 9 SE ေစ်းခ်ဳိဟန္းဆက္ ၾကားထဲက ဗားရွင္းလို႔ ဆုိရမွာပါ။

ေနာက္သတင္းတစ္ခုမွာေတာ့ Xiaomi CEO ျဖစ္သူ Lei Jun ဟာ သူ႕ Weibo မွာ “နတ္သမီးငယ္ေလး” လို႔ အမည္ဝွက္ေပးထားတဲ့ ဟန္းဆက္အသစ္ကို Tease လုပ္ခဲ့ၿပီး ၄င္းက Mi CC9 လို႔ယူဆရပါတယ္။ ဒီဖုန္းရဲ႕ First Look ဓါတ္ပုံနဲ႔ Flip-up ကင္မရာတုိ႔ကို သုံးစြဲထားတာက Asus Zenfone 6 မွာတပ္ဆင္ထားတဲ့ ေရွ႕ေနာက္ေျပာင္းလို႔ရတဲ့ ကင္မရာလိုပါပဲ။

အဆုိပါဖုန္းကေတာ့ ႏုိဝင္ဘာလတုန္းက Xiaomi ဝယ္ယူထားတဲ့ Meitu အမွတ္တံဆိပ္ေအာက္ကေန ထြက္လာမယ့္ ပထမဆုံးဖုန္းလုိ႔ ယူဆရပါတယ္။ ဒါေၾကာင့္ ဒီဖုန္းဟာ အမ်ဳိးသမီးေတြကို အဓိကပစ္မွတ္ထားတဲ့ Beauty Filter ေတြနဲ႔ ပန္းေရာင္လိုမ်ဳိး ေတာက္ပတဲ့ အေရာင္ေတြကို သုံးစြဲလာမွာပါ။

သတင္းေတြအရေတာ့ Xiaomi CC9 Meitu ဖုန္းဟာ AMOLED Display ကိုပဲအသုံးျပဳထားၿပီး In-display Fingerprint ပါဝင္မယ္။ အတြင္းမွာေတာ့ Snapdragon 730 ခ်စ္ပ္ဆက္ကို သုံးလာမယ္လို႔ ဆုိပါတယ္။ ေရွ႕ေနာက္ေျပာင္းလို႔ရမယ့္ ကင္မရာက 48MP အဓိက ကင္မရာကိုပဲ ေနာက္ထပ္ Sensor ႏွစ္မ်ဳိး ထပ္ေပါင္းလာဦးမွာပါ။

ေလာေလာဆယ္ေတာ့ ဒီဖုန္းေတြဟာ Rumor အဆင့္မွာပဲရွိေသးတာေၾကာင့္ လာမယ့္အခ်ိန္အတြင္းမွာ အေျပာင္းအလဲ အနည္းငယ္လည္း ရွိေကာင္းရွိႏုိင္တာကို သတိထားရမွာပါ။ Xiaomi ကေန တရားဝင္ ထုတ္ျပန္လာမွာကိုပဲ ေစာင့္ရဦးမွာ ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

နောက်ထပ် Xiaomi ဟန်းဆက်တစ်လုံးကတော့ TENAA မှာအသိအမှတ်ပြုခံခဲ့ရပြီး မော်ဒယ်နံပါတ် M1904F3BC လို့ပေးထားပါတယ်။ တွက်ချက်မှုတွေအရတော့ ဒီဖုန်းဟာ မကြာခင်ထွက်လာမယ်ဆိုတဲ့ Mi CC9e ပဲဖြစ်မှာပါ။

Mi CC9e လို့ယူဆရတဲ့ဖုန်းရဲ့ TENAA စာရင်းမှာ Specs တွေကိုတော့ သိပ်များများစားစား မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ဖုန်းမှာ Dual-SIM ထောက်ပံ့မှုနဲ့ Android OS အသုံးပြုလာမယ်ဆိုတာ သိခွင့်ရခဲ့သလို ဒီဇိုင်းကလည်း Xiaomi Mi 9 နဲ့ တော်တော်လေးဆင်တူနေတာကို သိခဲ့ရပါတယ်။

သိရသလောက်ကတော့ 6.39” လက်မအရွယ် AMOLED Display နဲ့အတူ Waterdrop Notch နဲ့ In-display Fingerprint တို့ ပါဝင်မယ်။ Selfie ကင်မရာက 32MP ဖြစ်ပြီး နောက်ကျောဘက်ကင်မရာက 48MP အဓိက Sensor နဲ့တွဲထားတဲ့ Triple-camera တွေပါ။

Mi CC9e စမတ်ဖုန်းဟာ Snapdragon 712 ချစ်ပ်ဆက်သုံးစွဲထားပြီး 4,000 mAh ဘက္ထရီကြီးကို 18W အားအမြန်သွင်းစနစ်နဲ့ ထည့်ပေးထားပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ ဒီဖုန်းဟာ Mi 9 Flagship စမတ်ဖုန်းနဲ့ Mi 9 SE ဈေးချိုဟန်းဆက် ကြားထဲက ဗားရှင်းလို့ ဆိုရမှာပါ။

နောက်သတင်းတစ်ခုမှာတော့ Xiaomi CEO ဖြစ်သူ Lei Jun ဟာ သူ့ Weibo မှာ “နတ်သမီးငယ်လေး” လို့ အမည်ဝှက်ပေးထားတဲ့ ဟန်းဆက်အသစ်ကို Tease လုပ်ခဲ့ပြီး ၎င်းက Mi CC9 လို့ယူဆရပါတယ်။ ဒီဖုန်းရဲ့ First Look ဓါတ်ပုံနဲ့ Flip-up ကင်မရာတို့ကို သုံးစွဲထားတာက Asus Zenfone 6 မှာတပ်ဆင်ထားတဲ့ ရှေ့နောက်ပြောင်းလို့ရတဲ့ ကင်မရာလိုပါပဲ။

အဆိုပါဖုန်းကတော့ နိုဝင်ဘာလတုန်းက Xiaomi ဝယ်ယူထားတဲ့ Meitu အမှတ်တံဆိပ်အောက်ကနေ ထွက်လာမယ့် ပထမဆုံးဖုန်းလို့ ယူဆရပါတယ်။ ဒါကြောင့် ဒီဖုန်းဟာ အမျိုးသမီးတွေကို အဓိကပစ်မှတ်ထားတဲ့ Beauty Filter တွေနဲ့ ပန်းရောင်လိုမျိုး တောက်ပတဲ့ အရောင်တွေကို သုံးစွဲလာမှာပါ။

သတင်းတွေအရတော့ Xiaomi CC9 Meitu ဖုန်းဟာ AMOLED Display ကိုပဲအသုံးပြုထားပြီး In-display Fingerprint ပါဝင်မယ်။ အတွင်းမှာတော့ Snapdragon 730 ချစ်ပ်ဆက်ကို သုံးလာမယ်လို့ ဆိုပါတယ်။ ရှေ့နောက်ပြောင်းလို့ရမယ့် ကင်မရာက 48MP အဓိက ကင်မရာကိုပဲ နောက်ထပ် Sensor နှစ်မျိုး ထပ်ပေါင်းလာဦးမှာပါ။

လောလောဆယ်တော့ ဒီဖုန်းတွေဟာ Rumor အဆင့်မှာပဲရှိသေးတာကြောင့် လာမယ့်အချိန်အတွင်းမှာ အပြောင်းအလဲ အနည်းငယ်လည်း ရှိကောင်းရှိနိုင်တာကို သတိထားရမှာပါ။ Xiaomi ကနေ တရားဝင် ထုတ်ပြန်လာမှာကိုပဲ စောင့်ရဦးမှာ ဖြစ်ပါတယ်။

Ref – GSM Arena