[Zawgyi]




Base model

  • 8GB DDR4 RAM (2666MHz)
  • 512GB PCIe SSD

High-end model

  • 512GB PCIe SSD

Top model

  • 512GB PCIe SSD


Ref : gizmochina

[Unicode]

Xiaomi က Mi Gaming Laptop 2019 ကို ကွညော

Xiaomi က ဒုတိယမြောက် Gaming Laptop ကို ကြေညာလိုက်ပါတယ်။ Mi Gaming Laptop 2019 လို့ နာမည်ပေးထားပြီး Specs တွေက လန်းပါတယ်။ Mi Gaming Laptop 2019 ရဲ့ ဒီဇိုင်းဟာ အရင်နှစ်ထုတ် မော်ဒယ်နဲ့ ကွာခြားတာ မရှိပါဘူး။ Ports နဲ့ Vents အရေအတွက်ကလည်း တူပါတယ်။ ၁၅.၆ လက်မ မျက်နှာပြင်နဲ့ ဘေးဘောင် အရွယ်အစားတွေကလည်း တူပါတယ်။ ကီးဘုတ်ကလည်း ပြောင်းလဲမှု မရှိပါဘူး။ ဒါပေမယ့် မော်ဒယ် အသစ်ရဲ့ အနောက်ဘက်ဟာ ပို မည်းနက်တယ်လို့ ထင်ပါတယ်။

မော်ဒယ် အသစ်မှာ ဒီဇိုင်း မပြောင်းပေမယ့် Specs များစွာ ပြောင်းလဲလာပါတယ်။ မျက်နှာပြင် အရွယ်အစား၊ 81% Screen-To-Body Ratio နဲ့ 72% Color Gamut တွေက တူပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ စွမ်းရည် အသစ်တစ်ခု ပါလာပါတယ်။ အဲဒါကတော့ 144Hz Refresh Rate ထောက်ပံ့ပေးနိုင်တဲ့ Display ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Mi Gaming Laptop 2019 ကို မော်ဒယ် ၃ လုံး ထုတ်လုပ်ထားပါတယ်။

Base model
• 9th Gen Intel Core i5-9300H processor (base frequency 2.4GHz, Turbo Boost 4.1GHz)
• NVIDIA GeForce GTX 1660 Ti
• 8GB DDR4 RAM (2666MHz)
• 512GB PCIe SSD
• 144Hz High Refresh Rate Full HD display
High-end model
• 9th Gen Intel Core i7-9750H processor (base frequency 2.6GHz, Turbo Boost 4.5GHz)
• NVIDIA GeForce GTX 1660 Ti
• 16GB (2 x 8GB) DDR4 RAM (2666MHz)
• 512GB PCIe SSD
• 144Hz High Refresh Rate Full HD display
Top model
• 9th Gen Intel Core i7-9750H processor (base frequency 2.6GHz, Turbo Boost 4.5GHz)
• NVIDIA GeForce RTXTM 2060
• 16GB(2 x 8GB) DDR4 RAM (2666MHz)
• 512GB PCIe SSD
• 144Hz High Refresh Rate Full HD display

Mi Gaming Laptop 2019 မှာ Windows 10 Home နဲ့ 55Whr Battery ပါပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၇,၄၉၉ ယွမ်၊ စွမ်းရည်မြင့် မော်ဒယ်ကို ၈,၅၉၉ ယွမ်နဲ့ စွမ်းရည် အမြင့်ဆုံး မော်ဒယ်ကို ၈,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့် ၁,၆၃၃,၀၀၀ ၁,၈၇၂,၀၀၀ နဲ့ ၁,၉၅၉,၀၀၀ လောက် ရှိနိုင်ပါတယ်။ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina