Unicode

ပြီးခဲ့တဲ့စက်တင်ဘာလမှာ Xiaomi ဟာ သူတို့ရဲ့ အလန်းဆုံးစမတ်ဖုန်းအသစ်ဖြစ်တဲ့ Mi Mix Alpha ကို မိတ်ဆက်ပြခဲ့ပြီး Wrap-around Display လို့ခေါ်တဲ့ ကိုယ်ထည်တစ်ခုလုံးနီးပါးကို Display Screen က ခြုံလွှမ်းထားတဲ့ အနာဂါတ်ဆန်ဆန် ဟန်းဆက်တစ်ခုဖြစ်ခဲ့ပါတယ်။

လက်ရှိဈေးကွက်ထဲက ဟန်းဆက်တွေထက် ခေတ်ရှေ့ပြေးနေတဲ့ ဒီဇိုင်း Concept နဲ့ Xiaomi ဖုန်းသစ်ဟာ တကယ်တော့ ဒီဇင်ဘာလထဲမှာ ရောက်လာမယ်လို့ မျှော်မှန်းခဲ့ကြပြီး တရုတ်ယွမ် ၂၀၀၀၀ (မြန်မာငွေ ၄၂ သိန်းကျော်) ခန့် ဈေးနှုန်း သတ်မှတ်လာမယ်လို့ ယူဆခဲ့ရပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလသာ ကုန်ဆုံးသွားခဲ့ပြီး Mi Mix Alpha ကိုတော့ အခုထိ မမြင်ရသေးပါဘူး။ ယနေ့မှာ Xiaomi ကုမ္ပဏီက Mix Alpha စမတ်ဖုန်းထွက်ရှိရက်ကို နောက်ဆုတ်လိုက်ကြောင်း အတည်ပြုလိုက်ပြီး ဘယ်နေ့မှာ ဈေးကွက်ထဲ ရောက်မယ်ဆိုတာကိုလည်း အတည်မပြုပေးခဲ့တဲ့အတွက် လောလောဆယ်တော့ အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တဲ့ သဘောပါပဲ။

ဒီဇင်ဘာလတုန်းက ဒီဖုန်းကို Xiaomi အွန်လိုင်းစတိုးနဲ့ တရုတ်အွန်လိုင်းအရောင်းဝက်ဆိုက် Tmall တို့မှာ ဈေးနှုန်း မဖော်ပြဘဲ ခဏတာ မြင်လိုက်ရပါသေးတယ်။ Mi Mix Alpha ကို မိတ်ဆက်ခဲ့စဉ်ကလည်း Xiaomi ရဲ့ အမှုဆောင်အရာရှိချုပ်က ဒီဖုန်းရဲ့ Wrap-around Display ကို ထုတ်လုပ်ရတဲ့ နည်းပညာပိုင်းဆိုင်ရာ ခက်ခဲမှုကြောင့် ကန့်သတ်အရေအတွက်အနည်းငယ်သာ ရောင်းချမယ်လို့ ပြောကြားခဲ့ပါတယ်။

ကြည့်ရတာတော့ ကုမ္ပဏီ ထင်ထားတာထက် ပိုမိုခက်ခဲနေပုံပေါက်ပြီး လောလောဆယ်တော့ ဈေးကွက်ထဲကို Mix Alpha ဝင်ရောက်လာတာ မြင်ရဦးမှာမဟုတ်ပါဘူး။ နောက်ထပ် သတင်းတွေကို စောင့်ဆိုင်းကြည့်ရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena

Zawgyi

ၿပီးခဲ့တဲ့စက္တင္ဘာလမွာ Xiaomi ဟာ သူတုိ႔ရဲ႕ အလန္းဆုံးစမတ္ဖုန္းအသစ္ျဖစ္တဲ့ Mi Mix Alpha ကုိ မိတ္ဆက္္ျပခဲ့ၿပီး Wrap-around Display လို႔ေခၚတဲ့ ကိုယ္ထည္တစ္ခုလုံးနီးပါးကို Display Screen က ျခဳံလႊမ္းထားတဲ့ အနာဂါတ္ဆန္ဆန္ ဟန္းဆက္တစ္ခုျဖစ္ခဲ့ပါတယ္။

လက္ရွိေစ်းကြက္ထဲက ဟန္းဆက္ေတြထက္ ေခတ္ေရွ႕ေျပးေနတဲ့ ဒီဇိုင္း Concept နဲ႔ Xiaomi ဖုန္းသစ္ဟာ တကယ္ေတာ့ ဒီဇင္ဘာလထဲမွာ ေရာက္လာမယ္လို႔ ေမွ်ာ္မွန္းခဲ့ၾကၿပီး တရုတ္ယြမ္ ၂၀၀၀၀ (ျမန္မာေငြ ၄၂ သိန္းေက်ာ္) ခန္႔ ေစ်းႏႈန္း သတ္မွတ္လာမယ္လို႔ ယူဆခဲ့ရပါတယ္။

ဒါေပမယ့္ ဒီဇင္ဘာလသာ ကုန္ဆုံးသြားခဲ့ၿပီး Mi Mix Alpha ကိုေတာ့ အခုထိ မျမင္ရေသးပါဘူး။ ယေန႔မွာ Xiaomi ကုမၸဏီက Mix Alpha စမတ္ဖုန္းထြက္ရွိရက္ကို ေနာက္ဆုတ္လိုက္ေၾကာင္း အတည္ျပဳလုိက္ၿပီး ဘယ္ေန႔မွာ ေစ်းကြက္ထဲ ေရာက္မယ္ဆုိတာကိုလည္း အတည္မျပဳေပးခဲ့တဲ့အတြက္ ေလာေလာဆယ္ေတာ့ အကန္႔အသတ္မရွိ ရပ္ဆုိင္းလိုက္တဲ့ သေဘာပါပဲ။

ဒီဇင္ဘာလတုန္းက ဒီဖုန္းကို Xiaomi အြန္လိုင္းစတုိးနဲ႔ တရုတ္အြန္လိုင္းအေရာင္းဝက္ဆုိက္ Tmall တုိ႔မွာ ေစ်းႏႈန္း မေဖာ္ျပဘဲ ခဏတာ ျမင္လိုက္ရပါေသးတယ္။ Mi Mix Alpha ကို မိတ္ဆက္ခဲ့စဥ္ကလည္း Xiaomi ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္က ဒီဖုန္းရဲ႕ Wrap-around Display ကို ထုတ္လုပ္ရတဲ့ နည္းပညာပုိင္းဆုိင္ရာ ခက္ခဲမႈေၾကာင့္ ကန္႔သတ္အေရအတြက္အနည္းငယ္သာ ေရာင္းခ်မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ၾကည့္ရတာေတာ့ ကုမၸဏီ ထင္ထားတာထက္ ပိုမုိခက္ခဲေနပုံေပါက္ၿပီး ေလာေလာဆယ္ေတာ့ ေစ်းကြက္ထဲကို Mix Alpha ဝင္ေရာက္လာတာ ျမင္ရဦးမွာမဟုတ္ပါဘူး။ ေနာက္ထပ္ သတင္းေတြကို ေစာင့္ဆုိင္းၾကည့္ရဦးမွာျဖစ္ပါတယ္။

Ref – GSM Arena