Xiaomi ဟာ ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့်စမတ်ဖုန်းတွေအပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ Laptop တွေကိုပါထုတ်လုပ်နေတာဖြစ်ပါတယ်။

Xiaomi ကနေ သယ်ဆောင်ရလွယ်ကူပြီး ပါးလွှာတဲ့ Mi Notebook Air 12.5″ နဲ့ 13.3″ ၊ 15.6″ Display နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ Mi Notebook Pro စသဖြင့် ထုတ်လုပ်ထားသလို အဆိုပါ Laptop တွေနဲ့လည်း အောင်မြင်မှုရရှိနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Gaming Laptop ကို ပထမဆုံးအကြိမ်အနေနဲ့ ထုတ်လာပြီပဲဖြစ်ပါတယ်။

အခု Mi Gaming Laptop က Intel 7th Gen Core i5 ဒါမှမဟုတ် i7 Processor ကို အသုံးပြုထားပြီးတော့ i7 Model မှာ RAM 16GB နဲ့ i5 Model မှာ RAM 8GB တပ်ဆင်ထားတာဖြစ်ပါတယ်။ Storage အနေနဲ့တော့ 256GB SSD အပြင် 1TB HDD ပါ တပ်ဆင်ထားတာဖြစ်ပါတယ်။

Gaming အတွက် အရေးကြီးတဲ့ Graphic Card မှာလည်း Xiaomi က စွမ်းဆောင်ရည်မြင့် Graphic Card တွေကို ထည့်သွင်းပေးထားပြီး i5 Model မှာ Nvidia GTX 1050Ti ၊ i7 Model မှာ Nvidia GTX 1060 Graphic Card တွေကို ထည့်သွင်းပေးထားပါတယ်။ Display ကိုတော့ 15.6″ Full HD Display ကို တပ်ဆင်ပေးထားမှာပါ။

Xiaomi ကတော့ အခုထုတ်လုပ်လိုက်တဲ့ Xiaomi Gaming Laptop ဟာ လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ Gaming Laptop တွေထဲမှာ Cooling အကောင်းဆုံးသော Laptop ဖြစ်ပြီးတော့ လုံးဝ Heat တက်မှာမဟုတ်ဘူးလို့ သိရပါတယ်။ Turbo Cooling ခလုတ်ကိုပါ ထည့်သွင်းပေးထားမှာပါ။

Xiaomi ရဲ့ အခု Gaming Laptop က ဈေးနှုန်းအနေနဲ့တော့ Core i5 Model ကို 5999 Yuan (မြန်မာငွေ ၁၂ သိန်းကျော်) ၊ Core i7 Model ကိုတော့ 8999 Yuan (မြန်မာငွေ ၁၈ သိန်းကျော်) နဲ့ ရောင်းချသွားမှာဖြစ်တဲ့အတွက် လက်ရှိ Xiaomi က ထုတ်လုပ်သမျှ Laptop တွေထဲမှာ ဈေးအကြီးဆုံးဖြစ်လာမှာပါ။