[Zawgyi]

DxOMark ဟာ Xiaomi Mi 9 ရဲ႕ Camera Review ကို ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔ ကတည္းက ထုတ္ျပန္ေၾကညာေပးခဲ့တာ ျဖစ္ပါတယ္။ Xiaomi ကလည္း သူတို႔ရဲ႕ Mi 9 ကို ပိုၿပီး အထင္ႀကီးေစဖို႔အတြက္ DxOMark ရဲ႕ Camera Review ရမွတ္ေတြနဲ႔အတူ မာကတ္တင္းဆင္းခဲ့ပါတယ္။

အဲ့ဒီအခ်ိန္တုန္းက Mi 9 ဟာ DxOMark Mobile အမွတ္ေပးဇယားရဲ႕ တတိယေနရာကို ေရာက္ရွိေနတာျဖစ္ၿပီး၊ သူရဲ႕ အထက္မွာေတာ့ Huawei P20 Pro နဲ႔ Mate 20 Pro တို႔ပဲ ရွိေနပါတယ္။ အဲ့ဒီေနာက္ Samsung Galaxy S10 Plus ေရာက္ရွိလာတဲ့အခါမွာေတာ့ ပူးတြဲခ်န္ပီယံက ၃လုံးျဖစ္သြားတာေၾကာင့္ Mi 9 ဟာ သူ တစ္ရက္တာ ပိုင္ဆိုင္ခဲ့တဲ့ တတိယေနရာေလးကို စြန္႔ခြာေပးလိုက္ရၿပီး၊ ယခု စတုတၳေနရာေလးမွာပဲ နားခိုေနရပါတယ္။

မည္သို႔ပင္ ဆိုေစကာမူ Mi 9 က တျခား Flagship စမတ္ဖုန္းေတြထက္ ေစ်းသက္သာေနတဲ့အျပင္ ကင္မရာအရည္အေသြးမွာလည္း ယခင္ Mi 8 နဲ႔ Mi MIX 3 တို႔ထက္ အမ်ားတိုးတက္ေကာင္းမြန္လာတာေၾကာင့္ သူ႔ထက္ တန္ေၾကး ၂ဆပိုမ်ားတဲ့ Samsung Galaxy S10 Plus ကို ေနရာဖယ္ေပးလိုက္ရတာ တန္တယ္လို႔ ျမင္မိပါတယ္။ (ဒါေပမယ့္ Mi 9 မွာေတာ့ Display Resolution, IP (Ingress Protection), Certified Stereo Speaker, Reverse Wireless Charging (Power Share), 3.5mm Jack နဲ႔ MicroSD Card တို႔လို ေနရာမ်ိဴးေတြမွာ ဝိတ္ေလ်ာ့ထားတာ ရွိပါတယ္)

မတန္တာက Samsung Galaxy S10 Series မိတ္ဆက္ပြဲေန႔ကို Xiaomi Mi 9 မိတ္ဆက္ပြဲေန႔အျဖစ္ လိုက္ၿပီး သတ္မွတ္လိုက္တာပါ။ တကယ္ဆိုရင္ Mi 9 မိတ္ဆက္ပြဲႀကီးရဲ႕ အေၾကာင္းအရာက စမတ္ဖုန္းေလာကႀကီးထဲမွာ အခ်ိန္အတန္ၾကာ ဂယက္ထေနရမွာပါ။ အခုေတာ့ Xiaomi Mi 9 ရဲ႕ အေၾကာင္းအရာေတြဟာ နာရီပိုင္းသာ ခံလိုက္ၿပီး၊ အဆိုပါ အေၾကာင္းအရာေတြကို Samsung Galaxy S10 Series မိတ္ဆက္ပြဲႀကီးက ဖုံးလႊမ္းသြားခဲ့ပါတယ္။

[Unicode]

Galaxy S10+ ကြောင့် DxOMark အမှတ်ပေးဇယားရဲ့ နံပါတ် (၄)နေရာကို ဆင်းပေးလိုက်ရတဲ့ Xiaomi Mi 9

DxOMark ဟာ Xiaomi Mi 9 ရဲ့ Camera Review ကို ဖေဖော်ဝါရီလ ၂၀ရက်နေ့ ကတည်းက ထုတ်ပြန်ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။ Xiaomi ကလည်း သူတို့ရဲ့ Mi 9 ကို ပိုပြီး အထင်ကြီးစေဖို့အတွက် DxOMark ရဲ့ Camera Review ရမှတ်တွေနဲ့အတူ မာကတ်တင်းဆင်းခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက Mi 9 ဟာ DxOMark Mobile အမှတ်ပေးဇယားရဲ့ တတိယနေရာကို ရောက်ရှိနေတာဖြစ်ပြီး၊ သူရဲ့ အထက်မှာတော့ Huawei P20 Pro နဲ့ Mate 20 Pro တို့ပဲ ရှိနေပါတယ်။ အဲ့ဒီနောက် Samsung Galaxy S10 Plus ရောက်ရှိလာတဲ့အခါမှာတော့ ပူးတွဲချန်ပီယံက ၃လုံးဖြစ်သွားတာကြောင့် Mi 9 ဟာ သူ တစ်ရက်တာ ပိုင်ဆိုင်ခဲ့တဲ့ တတိယနေရာလေးကို စွန့်ခွာပေးလိုက်ရပြီး၊ ယခု စတုတ္ထနေရာလေးမှာပဲ နားခိုနေရပါတယ်။

မည်သို့ပင် ဆိုစေကာမူ Mi 9 က တခြား Flagship စမတ်ဖုန်းတွေထက် စျေးသက်သာနေတဲ့အပြင် ကင်မရာအရည်အသွေးမှာလည်း ယခင် Mi 8 နဲ့ Mi MIX 3 တို့ထက် အများတိုးတက်ကောင်းမွန်လာတာကြောင့် သူ့ထက် တန်ကြေး ၂ဆပိုများတဲ့ Samsung Galaxy S10 Plus ကို နေရာဖယ်ပေးလိုက်ရတာ တန်တယ်လို့ မြင်မိပါတယ်။ (ဒါပေမယ့် Mi 9 မှာတော့ Display Resolution, IP (Ingress Protection), Certified Stereo Speaker, Reverse Wireless Charging (Power Share), 3.5mm Jack နဲ့ MicroSD Card တို့လို နေရာမျိူးတွေမှာ ဝိတ်လျော့ထားတာ ရှိပါတယ်)

မတန်တာက Samsung Galaxy S10 Series မိတ်ဆက်ပွဲနေ့ကို Xiaomi Mi 9 မိတ်ဆက်ပွဲနေ့အဖြစ် လိုက်ပြီး သတ်မှတ်လိုက်တာပါ။ တကယ်ဆိုရင် Mi 9 မိတ်ဆက်ပွဲကြီးရဲ့ အကြောင်းအရာက စမတ်ဖုန်းလောကကြီးထဲမှာ အချိန်အတန်ကြာ ဂယက်ထနေရမှာပါ။ အခုတော့ Xiaomi Mi 9 ရဲ့ အကြောင်းအရာတွေဟာ နာရီပိုင်းသာ ခံလိုက်ပြီး၊ အဆိုပါ အကြောင်းအရာတွေကို Samsung Galaxy S10 Series မိတ်ဆက်ပွဲကြီးက ဖုံးလွှမ်းသွားခဲ့ပါတယ်။