Xiaomi ရဲ့ တည်ထောင်သူနဲ့ စီအီးအို Lei Jun က ကုမ္ပဏီရဲ့ ဒုတိယမြောက် Foldable ဖုန်း ဖြစ်တဲ့ Mix Fold 2 ကို ကြေညာလိုက်ပါတယ်။ Mix Fold 2 ဟာ လက်ရှိ Foldable ဖုန်းတွေထဲမှာ အပါးလွှာဆုံးထဲက ၁ လုံး ဖြစ်ပြီး ဖြန့်ထားရင် ၅.၄ မီလီမီတာနဲ့ ခေါက်ချိုးထားရင် ၁၁.၂ မီလီမီတာ အထူ ရှိပါတယ်။ အလေးချိန်က ၂၆၂ ဂရမ် ဖြစ်ပြီး Xiaomi က Hinge ဒီဇိုင်းကို ဆန်းသစ်ထားပါတယ်။

Xiaomi Mix Fold 2 announced with sleek design and Leica optics

၆.၅၆ လက်မ AMOLED ကာဗာ မျက်နှာပြင် တပ်ဆင်ထားပြီး 21:9 Aspect Ratio ဖြစ်ပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ 20MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Xiaomi Mix Fold 2 announced with sleek design and Leica optics

ပင်မ မျက်နှာပြင်က ၈ လက်မ LTPO2 OLED ဖြစ်ပြီး 1914x2160p Resolution ရှိပါတယ်။ Variable 1-120Hz Refresh Rate ထောက်ပံ့ထားပြီး HDR10+ နဲ့ Dolby Vision ပါလာပါတယ်။ အမြင့်ဆုံး Brightness က 1,300 nits ဖြစ်ပါတယ်။

Xiaomi Mix Fold 2 announced with sleek design and Leica optics

Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။ Leica နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ ကင်မရာတွေ တပ်ဆင်ထားပြီး 50MP Sony IMX766 ပင်မ( OIS နဲ့ Leica Optics တွေ ပါပါတယ်။) ၊ 13MP Ultrawide နဲ့ 8MP Telephoto (2x Optical Zoom) တွေ ပါပါတယ်။

Mix Fold 2 key specs

67W Fast Wired Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပြီး Android 12 အခြေပြု MIUI Fold 13 မောင်းနှင်ထားပါတယ်။ Gold နဲ့ Black ၂ ရောင် ထုတ်လုပ်ထားပြီး 12/256GB ကို ၈,၉၉၉ ယွမ်နဲ့ 12GB/1TB ကို ၁၁,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ ဆိုရင် ၃၅သိန်း ဝန်းကျင်ကနေ စတင်ကျသင့်နိုင်ပြီး ဒီလ ၁၆ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena