[Zawgyi]

Xiaomi က တရုတ္မွာ Mi Mix 5G နဲ႔ Mi 9 Pro 5G တို႔ကို ဒီလ ၂၄ ရက္ေန႔မွာ ေၾကညာမယ္ဆိုတာ အတည္ျပဳၿပီးပါၿပီ။ အဲဒီ စမတ္ဖုန္းေတြနဲ႔အတူ Mi TV အသစ္ကိုပါ ျပသမွာျဖစ္ပါတယ္။ Mi TV Pro လို႔ နာမည္ေပးထားမယ္လို႔ ၀ီဘိုကေန သတင္းထြက္လာပါတယ္။ ၅၅ လက္မနဲ႔ ၆၅ လက္မ မ်က္ႏွာျပင္ အရြယ္အစားေတြ ထုတ္လုပ္ထားမွာ ျဖစ္ၿပီး မ်က္ႏွာျပင္ ေဘးေဘာင္ေတြက အရမ္းကို ပါးလႊာႏုိင္ပါတယ္။ ေမာ္ဒယ္ ၂ ခုစလံုးမွာ တူညီတဲ့ သတၱဳကိုယ္ထည္ကို တပ္ဆင္ထားႏုိင္ပါတယ္။

Mi TV Pro ရဲ႕ Specs ေတြကို မသိရေသးပါဘူး။ ဒါေပမယ့္ လက္ရွိ Mi TV ေတြထက္ ပိုေကာင္းလာမွာ ေသခ်ာပါတယ္။ ေစ်းႏႈန္းကလည္း ပိုျမင့္လာႏုိင္ပါတယ္။ လက္ရွိ ၅၅ လက္မ Mi TV ကို ၂,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ၆၅ လက္မ ေမာ္ဒယ္ကို ၃,၉၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၆၄၀,၀၀၀ နဲ႔ ၈၆၀,၀၀၀ ေလာက္ က်သင့္ႏုိင္ပါတယ္။ ဒီလ ၁၅ ရက္ကေန ၂၄ ရက္အတြင္း Mi TV Pro ကို ႀကိဳတင္မွာယူသူေတြဟာ Deposit အေနနဲ႔ ယြမ္ ၁၀၀ ေပးရမွာ ျဖစ္ၿပီး ယြမ္ ၃၀၀ တန္ စပီကာကို လက္ေဆာင္ရရွိမွာ ျဖစ္ပါတယ္။

Mi TV Pro ကို ေၾကညာမယ့္ ေန႔ကို သိထားရၿပီ ျဖစ္တဲ့ အတြက္ လာမယ့္ ရက္ေတြမွာ အဲဒီ ထုတ္ကုန္ေတြရဲ႕ သတင္းအခ်က္အလက္ေတြကို ပိုၿပီးသိလာရမွာ ျဖစ္ပါတယ္။ အဲဒီ ပြဲရဲ႕ အဓိက ထုတ္ကုန္ဟာ Mi Mix 5G ျဖစ္လာမွာပါ။

Mi Mix 5G မွာ Snapdragon 855+ Chipset နဲ႔ Curved QHD Display ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ အေနာက္ဘက္မွာ 108MP Samsung ISOCELL Bright HMX Main Sensor  အျပင္  Telephoto နဲ႔ Wide-angle Lenses ေတြ ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ Vivo NEX 3 မွာလို Waterfall Screen ပါလာမွာ ျဖစ္ၿပီး Screen ဟာ 90Hz Refresh Rate ရွိမယ္လို႔လည္း သိရပါတယ္။ တခ်ိဳ႕ သတင္းေတြအရ အဲဒီ စမတ္ဖုန္းကို Mi Mix Alpha လို႔ နာမည္ေပးမယ္လို႔ သိရပါတယ္။

Ref : gizmochina

[Unicode]

မကြေညာခင်မှာ Mi TV Pro ရဲ့ Preorder ကို ဖွင့်ပေးလိုက်တဲ့ Xiaomi

Xiaomi က တရုတ်မှာ Mi Mix 5G နဲ့ Mi 9 Pro 5G တို့ကို ဒီလ ၂၄ ရက်နေ့မှာ ကြေညာမယ်ဆိုတာ အတည်ပြုပြီးပါပြီ။ အဲဒီ စမတ်ဖုန်းတွေနဲ့အတူ Mi TV အသစ်ကိုပါ ပြသမှာဖြစ်ပါတယ်။ Mi TV Pro လို့ နာမည်ပေးထားမယ်လို့ ဝီဘိုကနေ သတင်းထွက်လာပါတယ်။ ၅၅ လက်မနဲ့ ၆၅ လက်မ မျက်နှာပြင် အရွယ်အစားတွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး မျက်နှာပြင် ဘေးဘောင်တွေက အရမ်းကို ပါးလွှာနိုင်ပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ တူညီတဲ့ သတ္တုကိုယ်ထည်ကို တပ်ဆင်ထားနိုင်ပါတယ်။

Mi TV Pro ရဲ့ Specs တွေကို မသိရသေးပါဘူး။ ဒါပေမယ့် လက်ရှိ Mi TV တွေထက် ပိုကောင်းလာမှာ သေချာပါတယ်။ ဈေးနှုန်းကလည်း ပိုမြင့်လာနိုင်ပါတယ်။ လက်ရှိ ၅၅ လက်မ Mi TV ကို ၂,၉၉၉ ယွမ် သတ်မှတ်ထားပြီး ၆၅ လက်မ မော်ဒယ်ကို ၃,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၄၀,၀၀၀ နဲ့ ၈၆၀,၀၀၀ လောက် ကျသင့်နိုင်ပါတယ်။ ဒီလ ၁၅ ရက်ကနေ ၂၄ ရက်အတွင်း Mi TV Pro ကို ကြိုတင်မှာယူသူတွေဟာ Deposit အနေနဲ့ ယွမ် ၁၀၀ ပေးရမှာ ဖြစ်ပြီး ယွမ် ၃၀၀ တန် စပီကာကို လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။

Mi TV Pro ကို ကြေညာမယ့် နေ့ကို သိထားရပြီ ဖြစ်တဲ့ အတွက် လာမယ့် ရက်တွေမှာ အဲဒီ ထုတ်ကုန်တွေရဲ့ သတင်းအချက်အလက်တွေကို ပိုပြီးသိလာရမှာ ဖြစ်ပါတယ်။ အဲဒီ ပွဲရဲ့ အဓိက ထုတ်ကုန်ဟာ Mi Mix 5G ဖြစ်လာမှာပါ။

Mi Mix 5G မှာ Snapdragon 855+ Chipset နဲ့ Curved QHD Display ပါမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်မှာ 108MP Samsung ISOCELL Bright HMX Main Sensor အပြင် Telephoto နဲ့ Wide-angle Lenses တွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။ Vivo NEX 3 မှာလို Waterfall Screen ပါလာမှာ ဖြစ်ပြီး Screen ဟာ 90Hz Refresh Rate ရှိမယ်လို့လည်း သိရပါတယ်။ တချို့ သတင်းတွေအရ အဲဒီ စမတ်ဖုန်းကို Mi Mix Alpha လို့ နာမည်ပေးမယ်လို့ သိရပါတယ်။

Ref : gizmochina