[Zawgyi]

တရုတ္မွာ ဇူလိုင္လ ၂ ရက္ေန႔တြင္ Xiaomi Mi CC9 နဲ႔ Mi CC9e တို႔ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အဲဒီအတြက္ နာရီပိုင္းေလာက္သာ လိုပါေတာ့တယ္။ အခုေတာ့ ေရွာင္မီက ဖုန္း မိတ္ဆက္ပြဲကို လူေတြပို စိတ္၀င္စားလာေအာင္ ျပဳလုပ္လိုက္ပါတယ္။ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ ဓါတ္ပံုကို တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွ ကုမၸဏီရဲ႕ တရား၀င္ အေကာင့္ကေန မွ်ေ၀လိုက္ပါတယ္။

စမတ္ဖုန္းႏွစ္ခုကို ေဘးခ်င္းယွဥ္ျပသထားၿပီး အေနာက္ဘက္ကို ရိုက္ကူးထားတာ ျဖစ္ပါတယ္။ Mi CC9e ရဲ႕ အေနာက္ဘက္ဟာ အျဖဴေရာင္ျဖစ္ၿပီး ေျဗာင္မဟုတ္ဘဲ Pattern တစ္ခု ေရးထြင္းထားပါတယ္။ Mi CC9 ရဲ႕ အေနာက္ဘက္မွာ လိႈင္းပံုသ႑ာန္ႏွစ္ခုကို ေရးထြင္းထားတာ ျမင္ရပါတယ္။ သူတို႔ရဲ႕ Pattern မ်ားကို ဓါတ္ပံုမွာ ေလ့လာႏုိင္ပါတယ္။ အေနာက္ဘက္ဟာ အလင္းေရာင္ ထိေတြ႕မႈ အေပၚ မူတည္ၿပီး ဒီဇိုင္း ေျပာင္းလဲေနမယ္လို႔ ထင္ရပါတယ္။

Mi CC9 မွာ ၆.၃၉ လက္မ FHD+ OLED Screen နဲ႔ CC9e မွာ ၆.၀၈ လက္မ မ်က္ႏွာျပင္ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ သူတို႔ ၂ လံုးစလံုးကို 3D Glass နဲ႔ တည္ေဆာက္ထားမွာ ျဖစ္ၿပီး  Android 9 Pie အေျချပဳ MIUI 10 ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။ ေရွာင္မီက Mi CC Series မ်ားကို မၾကာခင္ကပဲ ေၾကညာခဲ့ပါတယ္။ Mi CC9 နဲ႔ Mi CC9e တို႔ဟာ အဲဒီ စီးရီးမ်ားရဲ႕ ပထမဆံုး စမတ္ဖုန္းမ်ား ျဖစ္လာမွာပါ။

အဲဒီ စီးရီးမ်ားကို ေရွာင္မီက သူ ၀ယ္ယူထားတဲ့ Meitu Company နဲ႔ ပူးေပါင္း ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းမ်ားဟာ ဆဲလ္ဖီးကို အသားေပးထားတာ ျဖစ္ပါတယ္။ CC9 Meitu Edition ကိုလည္း Mi CC9 ၊ Mi CC9e မ်ားနဲ႔အတူ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena

[Unicode]

Mi CC9 နဲ့ Mi CC9e ရဲ့ Official Image များကို ပြသလိုက်တဲ့ Xiaomi

တရုတ်မှာ ဇူလိုင်လ ၂ ရက်နေ့တွင် Xiaomi Mi CC9 နဲ့ Mi CC9e တို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် နာရီပိုင်းလောက်သာ လိုပါတော့တယ်။ အခုတော့ ရှောင်မီက ဖုန်း မိတ်ဆက်ပွဲကို လူတွေပို စိတ်ဝင်စားလာအောင် ပြုလုပ်လိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းများရဲ့ ဓါတ်ပုံကို တရုတ် လူမှုကွန်ရက် ဝီဘိုမှ ကုမ္ပဏီရဲ့ တရားဝင် အကောင့်ကနေ မျှဝေလိုက်ပါတယ်။

စမတ်ဖုန်းနှစ်ခုကို ဘေးချင်းယှဉ်ပြသထားပြီး အနောက်ဘက်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Mi CC9e ရဲ့ အနောက်ဘက်ဟာ အဖြူရောင်ဖြစ်ပြီး ဗြောင်မဟုတ်ဘဲ Pattern တစ်ခု ရေးထွင်းထားပါတယ်။ Mi CC9 ရဲ့ အနောက်ဘက်မှာ လှိုင်းပုံသဏ္ဍာန်နှစ်ခုကို ရေးထွင်းထားတာ မြင်ရပါတယ်။ သူတို့ရဲ့ Pattern များကို ဓါတ်ပုံမှာ လေ့လာနိုင်ပါတယ်။ အနောက်ဘက်ဟာ အလင်းရောင် ထိတွေ့မှု အပေါ် မူတည်ပြီး ဒီဇိုင်း ပြောင်းလဲနေမယ်လို့ ထင်ရပါတယ်။

Mi CC9 မှာ ၆.၃၉ လက်မ FHD+ OLED Screen နဲ့ CC9e မှာ ၆.၀၈ လက်မ မျက်နှာပြင်ပါမယ်လို့ သတင်းထွက်နေပါတယ်။ သူတို့ ၂ လုံးစလုံးကို 3D Glass နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး Android 9 Pie အခြေပြု MIUI 10 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ ရှောင်မီက Mi CC Series များကို မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။ Mi CC9 နဲ့ Mi CC9e တို့ဟာ အဲဒီ စီးရီးများရဲ့ ပထမဆုံး စမတ်ဖုန်းများ ဖြစ်လာမှာပါ။

အဲဒီ စီးရီးများကို ရှောင်မီက သူ ဝယ်ယူထားတဲ့ Meitu Company နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းများဟာ ဆဲလ်ဖီးကို အသားပေးထားတာ ဖြစ်ပါတယ်။ CC9 Meitu Edition ကိုလည်း Mi CC9 ၊ Mi CC9e များနဲ့အတူ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena