Xiaomi ဟာ လက်ရှိအချိန်မှာ Xiaomi 13 Series ဖုန်းတွေဖြစ်တဲ့ Xiaomi 13 နဲ့ Xiaomi 13 Pro ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်စဥ်မိတ်ဆက်နေကြဖြစ်တဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ Feature ပိုင်းတွေအမြင့်မားဆုံးဖြစ်လာမယ့် Xiaomi 13 Ultra ဖုန်းကိုတော့ မိတ်ဆက်ဖို့ ကျန်ရှိနေပါသေးတယ်။

အခုထွက်ပေါ်လာတဲ့သတင်းတွေအရ Xiaomi ဟာ မကြာခင်မှာ Xiaomi 13 Ultra ဖုန်းကိုတရားဝင်မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ Xiaomi 13 Ultra ကို တရုတ်နိုင်ငံတွင်းမှာပဲ အရင်ဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး Global စျေးကွက်ကို ဝင်ရောက်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Xiaomi 13 Ultra ဖုန်းအပြင် နောက်ထပ် Xiaomi Pad 6 Series ကိုပါ တပါတည်းမိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Xiaomi Pad 6 Series Tablet တွေဟာ Xiaomi ရဲ့ Android Tablet အသစ်တွေဖြစ်လာမှာဖြစ်ပြီး Metal Body တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။​

Display ပိုင်းမှာ Xiaomi Pad 6 Series ဟာ 2560×1600 Pixels Resolution ရှိတဲ့ LCD Display ပါဝင်မှာဖြစ်ပြီး Refresh Rate ပိုင်းမှာ 120Hz အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။​ Xiaomi Pad 6 Pro ဟာ OLED Display ကို အသုံးပြုလာနိုင်တယ်လို့ သတင်းတွေထွက်ရှိနေတာကြောင့် တကယ်လို့သာ OLED Display ပါဝင်လာမယ်ဆိုရင် ပိုပြီးကြည့်ရတဲ့ Viewing Experience ပိုင်းကို ပိုကောင်းမွန်စေမှာဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Xiaomi Pad 6 Tablet အတွက် Snapdragon 870 သို့မဟုတ် Snapdragon 888 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Xiaomi Pad 6 Pro အတွက်ကတော့ Snapdragon 8 Gen 1 Chipset ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီး အမြင့်ဆုံး 256GB Storage အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင်မှာ Xiaomi ရဲ့Flagship စမတ်ဖုန်းအသစ်နဲ့ Tablet အသစ်တွေကို မြင်တွေ့ရတော့မှာပါ။

Ref – Gizmo China