Xiaomi Pad 6 Series ရဲ့ သတင်းအချက်အလက် အသစ်တွေ ထွက်ပေါ်လာပြီး Snapdragon 8 Gen 1 Chipset ပါတဲ့ မော်ဒယ် ထွက်လာမယ်လို့ သိရပါတယ်။ အဲဒီ မော်ဒယ်မှာ ၁၄ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Samsung Galaxy Tab S8 Ultra နဲ့ Specs တွေ တူညီမယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi Pad 6 and Xiaomi Pad 6 Pro rumors: Dimensity and Snapdragon SoC mixture with up to 120 W fast-charging support - NotebookCheck.net News

Digital Chat Station က Xiaomi Pad 6 Series နဲ့ ပတ်သက်ပြီး သတင်းပေးလာတာ ဖြစ်ပါတယ်။ အဲဒီ တက်ဘလက်တွေကို ဒီနှစ်ထဲမှာ ရောင်းချမယ်လို့ ထင်ရပြီး အချိန်ကာလ အတိအကျကို မသိရသေးပါဘူး။ Qualcomm ရဲ့  နောက်ဆုံးထုတ် စွမ်းရည်မြင့် Chipset က Snapdragon 8+ Gen 1 ဖြစ်ပေမယ့် Xiaomi Pad 6 Series မှာ Snapdragon 8 Gen 1 Chipset ကိုပဲ အသုံးပြုထားမှာ ဖြစ်ပါတယ်။ Digital Chat Station က Xiaomi Pad 6 Series ရဲ့ ဈေးအကြီးဆုံး မော်ဒယ်မှာ ၁၄ လက်မ မျက်နှာပြင်ကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ Samsung Galaxy Tab S8 Ultra ရဲ့ တန်ဖိုးနည်း မော်ဒယ် အနေနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Xiaomi Pad 6 Specifications, price and features - Specs Tech

Xiaomi Pad 6 Series ရဲ့ မော်ဒယ် ၁ ခုမှာ MediaTek Dimensity 8100 Chipset ထည့်သွင်းထားမယ်လို့ Digital Chat Station က ပြောပါတယ်။ စွမ်းရည်မြင့် Xiaomi Pad 6 မှာ 9,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။ အခု သတင်းအချက်အလက်တွေက ပေါက်ကြား သတင်းတွေ ဖြစ်ပြီး ရာခိုင်နှုန်းပြည့် မှန်ကန်မယ်လို့ မပြောနိုင်သေးပါဘူး။ Xiaomi က Pad 6 Series ရဲ့ သတင်းအချက်အလက်တွေကို တရားဝင် မပြောသေးပါဘူး။

Ref : gizmochina