Xiaomi Pad 6S Pro ကို ဒီလ ၂၂ ရက်နေ့ တရုတ်မှာ ကြေညာတော့မှာ ဖြစ်ပြီး Xiaomi 14 Ultra ကိုပါ မြင်ရတော့မှာပါ။ ကုမ္ပဏီက တက်ဘလက်ရဲ့ ဓါတ်ပုံတွေကို မျှဝေထားပြီး အဓိက Specs တွေကို သိလာရပါတယ်။

Xiaomi Pad 6S Pro front, rear design

တက်ဘလက်မှာ မျက်နှာပြင်ဘေးဘောင်ဟာ ပါးလွှာပြီး အနောက်ဘက်မှာ လေးထောင့် ကင်မရာ Module ထည့်ထားပါတယ်။ 50MP Main , Auxiliary Lens နဲ့ LED Flash ၁ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး ညာဘက်မှာ အသံခလုတ်နဲ့ ပါဝါခလုတ် ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Xiaomi Pad 6S Pro Wi-Fi 7

Xiaomi Pad 6S Pro မှာ စပီကာ ၄ လုံး တပ်ဆင်ထားနိုင်ပြီး 10,000mAh Battery ပါလာမှာပါ။ Xiaomi က 120W Fast Charging ပါလာမယ်လို့ အတည်ပြုထားပါတယ်။

Xiaomi Pad 6S Pro 10000mAh battery 120W fast charging

HyperOS ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက် ဖြစ်လာမှာပါ။ ပေါက်ကြားသတင်းအရ တက်ဘလက်မှာ 12.4” LCD 3K မျက်နှာပြင်၊ 144Hz Refresh Rate နဲ့ 900 Nits Brightness ထည့်သွင်းထားမှာ ဖြစ်ပြီး Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာပါ။ 16GB RAM နဲ့ 1TB Storage အထိ ပါလာမှာပါ။

Ref : gizmochina