Xiaomi India ဟာ အခုအချိန်မှာ အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ဒါကတော့ Xiaomi ဟာ YouTube နဲ့ ပူးပေါင်းပြီး တချို့သော Mi နဲ့ Redmi Series ဖုန်းတွေအတွက် YouTube Premium ကို အခမဲ့ပေးနေတာပဲဖြစ်ပါတယ်။

အခု Xiaomi ကနေ အခမဲ့ပေးနေတဲ့ YouTube Premium ဟာ YouTube အပြင် YouTube Music ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ YouTube Premium ဟာ ပုံမှန် YouTube နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ကြော်ငြာတွေပါဝင်ခြင်းမရှိတာနဲ့ Download ပြုလုပ်နိုင်ခြင်း၊ Background Playback ရရှိခြင်း စတဲ့အားသာချက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အခု YouTube Premium Service ကို ရယူနိုင်ဖို့အတွက် အောက်ပါ Xiaomi Device တွေကို အသုံးပြုနေဖို့လိုအပ်သလို တစ်ကြိမ်မှ YouTube Premium အပါအဝင် တခြားသော YouTube Music Premium ၊ YouTube Red သို့မဟုတ် Google Play Music တွေကို အသုံးပြုခြင်းမရှိတဲ့သူဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

3 months YouTube Premium:
Xiaomi 11T Pro
Xiaomi 11i Hypercharge 5G
Xiaomi 11i 5G
Xiaomi 12 Pro

2 months YouTube Premium:
Xiaomi Redmi Note 11
Xiaomi Reddi Note 11S
Xiaomi Redmi Note 11 Pro+
Xiaomi Redmi Note 11 Pro
Xiaomi Pad 5

Xiaomi ကနေ ပြောကြားချက်အရတော့ အခု Promotion ဟာ ဇန်နဝါရီလ ၃၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အဆိုပါ Device တွေကို ဝယ်ယူတဲ့သူတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှာ နောက်ဆုံး Activate ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

Ref – GSM Arena