[Zawgyi]

WIPO ကမာၻ႔ဉာဏမူပိုင္ခြြင့္ဆိုင္ရာ႐ုံးကေန ထြက္ေပၚလာတဲ့သတင္းအရ တ႐ုတ္စမတ္ဖုန္းကုမၸဏီျဖစ္တဲ့ Xiaomi ဟာ ဘက္ထရီပိုင္းဆိုင္ရာမွာ ပိုၿပီးတိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ Xiaomi ဟာ သုံးစြဲသူေတြအေနနဲ႔ သူတို႔ရဲ႕ Power Bank ေတြကို ေမ့ထားလို႔ရေအာင္ လုပ္ေဆာင္ေနတယ္လို႔ ဆိုရမွာပါ။

၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၂၇ ရက္ေန႔ကတည္းက ေလွ်ာက္ထားတဲ့ ဒီမူပိုင္ခြင့္အေၾကာင္းကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လဆန္းမွ သိလိုက္ရတာလည္း ျဖစ္ပါတယ္။ Xiaomi မူပိုင္ခြင့္ေလွ်ာက္ထားတဲ့ပုံကေတာ့ စမတ္ဖုန္းရဲ႕ ေက်ာဘက္မွာ ဆိုလာျပား တပ္ဆင္ထားတဲ့ ပုံစံပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကတည္းက ေလွ်ာက္ထားတဲ့ မူပိုင္ခြင့္ဆိုေပမယ့္ မ်က္ႏွာျပင္ပုံစံကို ၾကည့္လိုက္မယ္ဆိုရင္လည္း အဲဒီအခ်ိန္တုန္းကတည္းက မ်က္ႏွာျပင္ျပည့္ ဒီဇိုင္းမ်ိဳးကို စီစဥ္ေနတာလို႔ ဆိုရမွာပါ။ အေရွ႕ဘက္မ်က္ႏွာျပင္တစ္ခုလုံးနဲ႔ အေပၚဘက္ ေဘာင္မွာပါ Selfie ကင္မရာအတြက္ ေနရာခ်န္ထားတာကို မေတြ႕ရပါဘူး။ Pop-up နဲ႔ Punch-hole သုံးမယ့္ ပုံစံလည္း မေတြ႕ျမင္ရတဲ့ ပုံျဖစ္ပါတယ္။ ဒါေၾကာင့္ Under-display ျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔လည္း စဥ္းစားႏိုင္ပါတယ္။

Xiaomi ရဲ႕ ေဂဟစနစ္ကို အေလးထားတဲ့ Solar သုံးစမတ္ဖုန္းမ်ိဳးဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္နီးပါးေလာက္က Samsung လည္း လုပ္ခဲ့ဖူးပါတယ္။ Samsung Blue Earth ဟာ Recycled plastic နဲ႔ Solar Panel ပါဝင္တဲ့ ဖုန္းလည္း ျဖစ္ပါတယ္။ S7550 ဟာ Touch Screen နဲ႔ ဖုန္းျဖစ္ခဲ့ေပမယ့္ အျခားအမ်ိဳးအစားတစ္ခုျဖစ္တဲ့ Samsung Guru E1107 ကေတာ့ Feature ဖုန္းသာ ျဖစ္ခဲ့ပါတယ္။

အျခား ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ LG ကလည္း LG Pop GD510 အမည္နဲ႔ Solar ပါဝင္တဲ့ Touch Screen ဖုန္းကို ၂၀၀၉ ႏွစ္ကုန္ပိုင္းေလာက္က ထုတ္လုပ္ခဲ့ပါေသးတယ္။ အခုေတာ့ Xiaomi က သဘာဝေဂဟ စနစ္ကိုအေလးထားတဲ့ Solar နဲ႔စမတ္ဖုန္းကို အမွန္တကယ္ ထုတ္လုပ္ေရာင္းခ်ေတာ့မလားဆိုတာ စိတ္ဝင္စားစရာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

Solar အားသွင်းစနစ်ပါဝင်တဲ့ စမတ်ဖုန်းဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတဲ့ Xiaomi

WIPO ကမ္ဘာ့ဉာဏမူပိုင်ခွွင့်ဆိုင်ရာရုံးကနေ ထွက်ပေါ်လာတဲ့သတင်းအရ တရုတ်စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Xiaomi ဟာ ဘက်ထရီပိုင်းဆိုင်ရာမှာ ပိုပြီးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ Xiaomi ဟာ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ Power Bank တွေကို မေ့ထားလို့ရအောင် လုပ်ဆောင်နေတယ်လို့ ဆိုရမှာပါ။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လျှောက်ထားတဲ့ ဒီမူပိုင်ခွင့်အကြောင်းကို ၂၀၁၉ ခုနှစ် သြဂုတ်လဆန်းမှ သိလိုက်ရတာလည်း ဖြစ်ပါတယ်။ Xiaomi မူပိုင်ခွင့်လျှောက်ထားတဲ့ပုံကတော့ စမတ်ဖုန်းရဲ့ ကျောဘက်မှာ ဆိုလာပြား တပ်ဆင်ထားတဲ့ ပုံစံပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက လျှောက်ထားတဲ့ မူပိုင်ခွင့်ဆိုပေမယ့် မျက်နှာပြင်ပုံစံကို ကြည့်လိုက်မယ်ဆိုရင်လည်း အဲဒီအချိန်တုန်းကတည်းက မျက်နှာပြင်ပြည့် ဒီဇိုင်းမျိုးကို စီစဉ်နေတာလို့ ဆိုရမှာပါ။ အရှေ့ဘက်မျက်နှာပြင်တစ်ခုလုံးနဲ့ အပေါ်ဘက် ဘောင်မှာပါ Selfie ကင်မရာအတွက် နေရာချန်ထားတာကို မတွေ့ရပါဘူး။ Pop-up နဲ့ Punch-hole သုံးမယ့် ပုံစံလည်း မတွေ့မြင်ရတဲ့ ပုံဖြစ်ပါတယ်။ ဒါကြောင့် Under-display ဖြစ်နိုင်ဖွယ်ရှိတယ်လို့လည်း စဉ်းစားနိုင်ပါတယ်။

Xiaomi ရဲ့ ဂေဟစနစ်ကို အလေးထားတဲ့ Solar သုံးစမတ်ဖုန်းမျိုးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးလောက်က Samsung လည်း လုပ်ခဲ့ဖူးပါတယ်။ Samsung Blue Earth ဟာ Recycled plastic နဲ့ Solar Panel ပါဝင်တဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ S7550 ဟာ Touch Screen နဲ့ ဖုန်းဖြစ်ခဲ့ပေမယ့် အခြားအမျိုးအစားတစ်ခုဖြစ်တဲ့ Samsung Guru E1107 ကတော့ Feature ဖုန်းသာ ဖြစ်ခဲ့ပါတယ်။

အခြား တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LG ကလည်း LG Pop GD510 အမည်နဲ့ Solar ပါဝင်တဲ့ Touch Screen ဖုန်းကို ၂၀၀၉ နှစ်ကုန်ပိုင်းလောက်က ထုတ်လုပ်ခဲ့ပါသေးတယ်။ အခုတော့ Xiaomi က သဘာဝဂေဟ စနစ်ကိုအလေးထားတဲ့ Solar နဲ့စမတ်ဖုန်းကို အမှန်တကယ် ထုတ်လုပ်ရောင်းချတော့မလားဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: Phone Arena