[Unicode]

ကမ္ဘာ့ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး (WIPO) ကိုတင်ထားတဲ့ Xiaomi ရဲ့ စမတ်ဖုန်းသစ်နှစ်မျိုးကို ပြီးခဲ့တဲ့ရက်က မြင်တွေ့ကြရပါတယ်။ ဒီစမတ်ဖုန်းတွေကို LetsGoDigital က နမူနာ Render တွေဖန်တီးလိုက်ပါတယ်။ စမတ်ဖုန်း နှစ်မျိုးစလုံးဟာ မျက်နှာပြင်နှစ်ဖက်စီ ရှိကြတာကိုလည်း တွေ့မြင်ရပါတယ်။

ပထမတစ်မျိုးကတော့ Xiaomi Mi Mix Alpha နဲ့ သဘောတရားချင်းတူတယ်လို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်ကို တည်ဆောက်ထားတဲ့ပုံစံချင်းကတော့ Mi Mix Alpha နဲ့ တူပါတယ်။ မတူညီတာဆိုလို့ ခေါက်ချိုးရာမှာ Huawei Mate X လိုမျိုးဖြစ်နေတာပါပဲ။ အထူးသဖြင့် ခေါက်ပြီးပိတ်ထားတဲ့ပုံစံက ခပ်ဆင်ဆင်ဖြစ်နေတာပါ။

နောက်တစ်မျိုးကတော့ မျက်နှာပြင်ကို ခေါက်တဲ့ပုံစံမတူတာပါ။ ဖြန့်လိုက်ရင် စမတ်ဖုန်းမျက်နှာပြင်ဟာ အ ေပေါ်အောက် ထောင်လိုက်အရှည်နှစ်ခုဆက်ထားသလို ဖြစ်သွားမယ့်ပုံစံပါ။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံးတပ်ဆင်ထားဖို့ နေရာပြုလုပ်ထားတာလည်း တွေ့ရပါတယ်။ ဒီကင်မရာတွေကို ဘယ်လိုပုံစံနဲ့တပ်ဆင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

သတိထားမိတဲ့အချက်တစ်ချက်က Xiaomi ရဲ့ မှတ်ပုံတင်ထားတဲ့ စမတ်ဖုန်းနှစ်မျိုးစလုံးမှာ အရှေ့ဘက်ကင်မရာအတွက် နေရာမလုပ်ထားတာပါ။ မျက်နှာပြင်နှစ်ဘက်ဖြစ်တဲ့အတွက် ကျောဘက်ကင်မရာတွေကိုပဲ Selfie ရိုက်ဖို့ အသုံးပြုရမှာ ဖြစ်ပါတယ်။

မူပိုင်ခွင့်ပုံတွေအရ ဒီစမတ်ဖုန်းနှစ်မျိုးစလုံးမှာ ရုပ်ပိုင်းဆိုင်ရာ ခလုတ်တွေမတွေ့ရပါဘူး။ ပုံကြမ်းဖြစ်တဲ့အတွက် မဖော်ပြထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နောက်ပိုင်းထွက်လာမယ့်သတင်းကို စောင့်ကြည့်ရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် Mi Mix Alpha ထက် ဈေးနှုန်းသက်သာနိုင်ပြီး ဈေးကွက်ထဲကိုလည်း များများစားစား တင်သွင်းရောင်းချသွားနိုင်တဲ့ ဒီဇိုင်းတွေလို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSM Arena

[Zawgyi]

Foldable ဖုန္းႏွစ္လုံးကို ဒီဇိုင္းမူပိုင္ခြင့္တင္ထားျပန္တဲ့ Xiaomi

ကမာၻ႔ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး (WIPO) ကိုတင္ထားတဲ့ Xiaomi ရဲ႕ စမတ္ဖုန္းသစ္ႏွစ္မ်ိဳးကို ၿပီးခဲ့တဲ့ရက္က ျမင္ေတြ႕ၾကရပါတယ္။ ဒီစမတ္ဖုန္းေတြကို LetsGoDigital က နမူနာ Render ေတြဖန္တီးလိုက္ပါတယ္။ စမတ္ဖုန္း ႏွစ္မ်ိဳးစလုံးဟာ မ်က္ႏွာျပင္ႏွစ္ဖက္စီ ရွိၾကတာကိုလည္း ေတြ႕ျမင္ရပါတယ္။

ပထမတစ္မ်ိဳးကေတာ့ Xiaomi Mi Mix Alpha နဲ႔ သေဘာတရားခ်င္းတူတယ္လို႔ ဆိုႏိုင္ပါတယ္။ မ်က္ႏွာျပင္ကို တည္ေဆာက္ထားတဲ့ပုံစံခ်င္းကေတာ့ Mi Mix Alpha နဲ႔ တူပါတယ္။ မတူညီတာဆိုလို႔ ေခါက္ခ်ိဳးရာမွာ Huawei Mate X လိုမ်ိဳးျဖစ္ေနတာပါပဲ။ အထူးသျဖင့္ ေခါက္ၿပီးပိတ္ထားတဲ့ပုံစံက ခပ္ဆင္ဆင္ျဖစ္ေနတာပါ။

ေနာက္တစ္မ်ိဳးကေတာ့ မ်က္ႏွာျပင္ကို ေခါက္တဲ့ပုံစံမတူတာပါ။ ျဖန႔္လိုက္ရင္ စမတ္ဖုန္းမ်က္ႏွာျပင္ဟာ အ ေပၚေအာက္ ေထာင္လိုက္အရွည္ႏွစ္ခုဆက္ထားသလို ျဖစ္သြားမယ့္ပုံစံပါ။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးတပ္ဆင္ထားဖို႔ ေနရာျပဳလုပ္ထားတာလည္း ေတြ႕ရပါတယ္။ ဒီကင္မရာေတြကို ဘယ္လိုပုံစံနဲ႔တပ္ဆင္မလဲဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းလွပါတယ္။

သတိထားမိတဲ့အခ်က္တစ္ခ်က္က Xiaomi ရဲ႕ မွတ္ပုံတင္ထားတဲ့ စမတ္ဖုန္းႏွစ္မ်ိဳးစလုံးမွာ အေရွ႕ဘက္ကင္မရာအတြက္ ေနရာမလုပ္ထားတာပါ။ မ်က္ႏွာျပင္ႏွစ္ဘက္ျဖစ္တဲ့အတြက္ ေက်ာဘက္ကင္မရာေတြကိုပဲ Selfie ႐ိုက္ဖို႔ အသုံးျပဳရမွာ ျဖစ္ပါတယ္။

မူပိုင္ခြင့္ပုံေတြအရ ဒီစမတ္ဖုန္းႏွစ္မ်ိဳးစလုံးမွာ ႐ုပ္ပိုင္းဆိုင္ရာ ခလုတ္ေတြမေတြ႕ရပါဘူး။ ပုံၾကမ္းျဖစ္တဲ့အတြက္ မေဖာ္ျပထားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေနာက္ပိုင္းထြက္လာမယ့္သတင္းကို ေစာင့္ၾကည့္ရဦးမွာပါ။ ဘာပဲျဖစ္ျဖစ္ Mi Mix Alpha ထက္ ေဈးႏႈန္းသက္သာႏိုင္ၿပီး ေဈးကြက္ထဲကိုလည္း မ်ားမ်ားစားစား တင္သြင္းေရာင္းခ်သြားႏိုင္တဲ့ ဒီဇိုင္းေတြလို႔ ဆိုရမွာျဖစ္ပါတယ္။

Ref: GSM Arena