အခုဆိုရင် ဖုန်း ကုမ္ပဏီတွေဟာ 100W ထက်မြင့်တဲ့ Fast Charging နည်းပညာကို အပြိုင်အဆိုင် မိတ်ဆက်နေကြပါပြီ။ အခုလည်း တရုတ်က Chinese Compulsory Certification (CCC) မှာ 120W Charger ပါတဲ့ Xiaomi ရဲ့ ဖုန်း ၁ လုံးကို မှတ်ပုံတင်လိုက်ပါတယ်။

ဖုန်း မော်ဒယ်နံပါတ်က M2007J1SC ဖြစ်ပြီး Charger မော်ဒယ်နံပါတ်က MDY-12-ED ဖြစ်ပါတယ်။ အဲဒီ Charger ဟာ 6A / 20V အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီ ဖုန်းရဲ့ တခြား Specs တွေကို မသိရသေးပေမယ့် 5G စမတ်ဖုန်းဆိုတာ ဖော်ပြထားပါတယ်။ ဖုန်း နာမည်ကို မှန်းဆလို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ iQOO က 120W နဲ့ OPPO က 125W Fast Charging တွေကို အပြိုင်အဆိုင် ကြေညာခဲ့ကြပါတယ်။ realme က မနက်ဖြန်မှာ 125W Fast Charging ကို ချပြတော့မှာ ဖြစ်ပြီး Xiaomi က နောက်လမှာ 100W Fast Charging ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။

Lenovo ကလည်း ဒီလ ၂၂ ရက်နေ့မှာ ပထမဆုံး Legion Gaming ဖုန်းကို ကြေညာတော့မှာ ဖြစ်ပြီး  အမိုက်စား  Fast Charging နည်းပညာ ပါလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် 90W ပဲပါလာတာကတော့ ပြိုင်ဖက်တွေထက် အားနည်းနေပါတယ်။

Ref : gsmarena