[Zawgyi]

Xiaomi ဟာ ၂၀၁၉ ကို Flagship Mi 9, Redmi Note 7 series ေတြနဲ႔အတူ ဝုန္းဒိုင္းႀကဲျပီး ဝင္ေရာက္လာခဲ့တာပါ။ ၂၀၁၉ ပထမသုံးလပတ္အတြက္ ဝင္ေငြရလဒ္ကို ကုမၸဏီက ထုတ္ျပလိုက္ေတာ့ စစ္တမ္းေကာက္ယူသူေတြနဲ႔ မီဒီယာေတြက ေမွ်ာ္လင့္ထားတဲ့ ပမာဏထက္ မ်ားေနတာကို ေတြ႕ရပါတယ္။

Xiaomi ရဲ႕ ပထမသုံးလပတ္ေရာင္းအားဟာ တ႐ုတ္ႏိုင္ငံတြင္းမဟုတ္ဘဲ ျပင္ပေဈးကြက္ေတြမွာ အလုံးအရင္းနဲ႔ ေရာင္းခ်ႏိုင္ခဲ့တာေၾကာင့္ တ႐ုတ္ယြမ္ေငြ ၄၃.၈ ဘီလီယံ (၆.၃ ဘီလီယံေဒၚလာ) အထိ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ရဲ႕ ပထမသုံးလပတ္ေရာင္းအားနဲ႔ ႏႈိင္းယွဥ္ရင္ ၂၇% အထိ တိုးတက္လာတယ္လို႔ ဆိုရမွာပါ။

ျပည္တြင္းေဈးကြက္ ရပ္တည္မႈမွာေတာ့ ၂၁% ေလာက္ ေလ်ာ့က်သြားေပမယ့္ ကမာၻ႔ေဈးကြက္ကိုတင္ပို႔မႈမွာေတာ့ စမတ္ဖုန္းအလုံးေရ ၂၇.၉ သန္း တင္ပို႔ႏိုင္ခဲ့တာပါ။ ဒါေၾကာင့္ ဒီသုံးလပတ္အတြက္ ကမာၻ႔စမတ္ဖုန္းတင္ပို႔မႈအဆင့္သတ္မွတ္ခ်က္မွာ စတုတၳေနရာကို ေရာက္ရွိခဲ့ပါတယ္။ အထူးသျဖင့္ အိႏၵိယေဈးကြက္ဟာ Xiaomi ရဲ႕ ေအာင္ေျမလို ျဖစ္ခဲ့ရပါတယ္။

အိႏၵိယေဈးကြက္မွာ Xiaomi ဟာ သုံးလပတ္ ၇ႀကိမ္ဆက္တိုက္ ထိပ္ဆုံးေနရာမွာရွိေနေအာင္ကို ေရာင္းခ်ႏိုင္ခဲ့တာပါ။ အေနာက္ဥေရာပ ေဈးကြက္မွာေတာ့ ထိပ္ဆုံး ေလးေနရာကို ဝင္ေရာက္ႏိုင္ခဲ့ပါတယ္။ စမတ္ဖုန္းတင္ပို႔ေရာင္းခ်မႈဟာ ၁၁၅% အထိ ႀကီးထြားလာေၾကာင္း စာရင္းဇယားေတြက ေဖာ္ျပေနပါတယ္။ Global MIUI အသုံးျပဳသူဦးေရဟာ ခန႔္မွန္းေျခ သန္း၂၆၀ ဝန္းက်င္ ရွိႏိုင္ၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ ၃၇% အထိ တိုးတက္လာတယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

၂၀၁၉ ရဲ့ ပထမသုံးလပတ်မှာ ဝင်ငွေ ၂၇ရာခိုင်နှုန်း တိုးတက်လာတဲ့ Xiaomi

Xiaomi ဟာ ၂၀၁၉ ကို Flagship Mi 9, Redmi Note 7 series တွေနဲ့အတူ ဝုန်းဒိုင်းကြဲပြီး ဝင်ရောက်လာခဲ့တာပါ။ ၂၀၁၉ ပထမသုံးလပတ်အတွက် ဝင်ငွေရလဒ်ကို ကုမ္ပဏီက ထုတ်ပြလိုက်တော့ စစ်တမ်းကောက်ယူသူတွေနဲ့ မီဒီယာတွေက မျှော်လင့်ထားတဲ့ ပမာဏထက် များနေတာကို တွေ့ရပါတယ်။

Xiaomi ရဲ့ ပထမသုံးလပတ်ရောင်းအားဟာ တရုတ်နိုင်ငံတွင်းမဟုတ်ဘဲ ပြင်ပဈေးကွက်တွေမှာ အလုံးအရင်းနဲ့ ရောင်းချနိုင်ခဲ့တာကြောင့် တရုတ်ယွမ်ငွေ ၄၃.၈ ဘီလီယံ (၆.၃ ဘီလီယံဒေါ်လာ) အထိ စံချိန်တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ပထမသုံးလပတ်ရောင်းအားနဲ့ နှိုင်းယှဉ်ရင် ၂၇% အထိ တိုးတက်လာတယ်လို့ ဆိုရမှာပါ။

ပြည်တွင်းဈေးကွက် ရပ်တည်မှုမှာတော့ ၂၁% လောက် လျော့ကျသွားပေမယ့် ကမ္ဘာ့ဈေးကွက်ကိုတင်ပို့မှုမှာတော့ စမတ်ဖုန်းအလုံးရေ ၂၇.၉ သန်း တင်ပို့နိုင်ခဲ့တာပါ။ ဒါကြောင့် ဒီသုံးလပတ်အတွက် ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုအဆင့်သတ်မှတ်ချက်မှာ စတုတ္ထနေရာကို ရောက်ရှိခဲ့ပါတယ်။ အထူးသဖြင့် အိန္ဒိယဈေးကွက်ဟာ Xiaomi ရဲ့ အောင်မြေလို ဖြစ်ခဲ့ရပါတယ်။

အိန္ဒိယဈေးကွက်မှာ Xiaomi ဟာ သုံးလပတ် ၇ကြိမ်ဆက်တိုက် ထိပ်ဆုံးနေရာမှာရှိနေအောင်ကို ရောင်းချနိုင်ခဲ့တာပါ။ အနောက်ဥရောပ ဈေးကွက်မှာတော့ ထိပ်ဆုံး လေးနေရာကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ၁၁၅% အထိ ကြီးထွားလာကြောင်း စာရင်းဇယားတွေက ဖော်ပြနေပါတယ်။ Global MIUI အသုံးပြုသူဦးရေဟာ ခန့်မှန်းခြေ သန်း၂၆၀ ဝန်းကျင် ရှိနိုင်ပြီး တစ်နှစ်ထက်တစ်နှစ် ၃၇% အထိ တိုးတက်လာတယ်လို့လည်း သိရပါတယ်။

Ref: GSMArena