Unicode

Xiaomi ရဲ့ Redmi K20 Series စမတ်ဖုန်းတွေဟာ လက်ရှိအချိန်အထိ အောင်မြင်တဲ့ Flagship Killer ဖုန်းတွေလို့ ပြောလို့ရပါတယ်။ Xiaomi ကနေ အဆိုပါ Redmi K20 Series ဖုန်းတွေအတွက် MIUI 11 Update ကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ထုတ်ပေးသွားခဲ့ပေမယ့် Android 10 ကို အခြေခံထားတာမဟုတ်ဘဲ Android 9 Pie ကိုပဲ အသုံးပြုထားခဲ့တာပါ။

အခုအချိန်မှာတော့ တရုတ်နိုင်ငံအတွက် Redmi K20 စမတ်ဖုန်းတွေကို Android 10 အခြေခံထားတဲ့ MIUI 11 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ MIUI 11 Update ရဲ့ Version Number က MIUI V11.0.2.0.QFJCNXM လို့သိရပြီး File Size အနေနဲ့ 2.3GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

ယခု Android 10 ကို အခြေခံလာတဲ့ MIUI 11 Update အသစ်ဟာ ယခင် Version နဲ့ ယှဥ်ရင် ပြောင်းလဲမှုသိပ်မရှိပေမယ့် Android 10 မှာပဲ ပါဝင်တဲ့ Feature အသစ်တွေဖြစ်တဲ့ Location Control ၊ Privacy Setting အသစ်တွေ၊ App Bubble နဲ့ QR Code ကနေတစ်ဆင့် Wi-Fi Share လို့ရတဲ့ Feature တွေပါဝင်လာမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ယခု MIUI 11 Update ဟာ Redmi K20 Series Chinese Version အတွက်ပဲ Update လုပ်နိုင်ဦးမှာဖြစ်ပြီး မကြာခင်မှာတော့ Global Version အတွက်ပါ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena

Zawgyi

Xiaomi ရဲ႕ Redmi K20 Series စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္အထိ ေအာင္ျမင္တဲ့ Flagship Killer ဖုန္းေတြလို႔ ေျပာလို႔ရပါတယ္။ Xiaomi ကေန အဆိုပါ Redmi K20 Series ဖုန္းေတြအတြက္ MIUI 11 Update ကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက ထုတ္ေပးသြားခဲ့ေပမယ့္ Android 10 ကို အေျခခံထားတာမဟုတ္ဘဲ Android 9 Pie ကိုပဲ အသုံးျပဳထားခဲ့တာပါ။

အခုအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံအတြက္ Redmi K20 စမတ္ဖုန္းေတြကို Android 10 အေျခခံထားတဲ့ MIUI 11 Update ကို ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ အဆိုပါ MIUI 11 Update ရဲ႕ Version Number က MIUI V11.0.2.0.QFJCNXM လို႔သိရၿပီး File Size အေနနဲ႔ 2.3GB ဝန္းက်င္ရွိမွာျဖစ္ပါတယ္။

ယခု Android 10 ကို အေျခခံလာတဲ့ MIUI 11 Update အသစ္ဟာ ယခင္ Version နဲ႔ ယွဥ္ရင္ ေျပာင္းလဲမႈသိပ္မရွိေပမယ့္ Android 10 မွာပဲ ပါဝင္တဲ့ Feature အသစ္ေတြျဖစ္တဲ့ Location Control ၊ Privacy Setting အသစ္ေတြ၊ App Bubble နဲ႔ QR Code ကေနတစ္ဆင့္ Wi-Fi Share လို႔ရတဲ့ Feature ေတြပါဝင္လာမွာျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ယခု MIUI 11 Update ဟာ Redmi K20 Series Chinese Version အတြက္ပဲ Update လုပ္ႏိုင္ဦးမွာျဖစ္ၿပီး မၾကာခင္မွာေတာ့ Global Version အတြက္ပါ ထြက္ရွိလာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena