Xiaomi ရဲ့ ကုမ္ပဏီခွဲ Redmi က ဒီလ ၁၆ ရက်နေ့ တရုတ်မှာ Redmi K50 Gaming Edition ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒေသစံတော်ချိန် ည ၇ နာရီမှာ မိတ်ဆက်ပွဲကို စတင်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီက တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ပိုစတာတချို့ကို မျှဝေထားပြီး အဲဒီအထဲက ၁ ခုမှာ Redmi K50 Gaming Edition ရဲ့ ဒီဇိုင်းကို ပြသထားပါတယ်။ အဲဒီ စမတ်ဖုန်းမှာ အရင်မျိုးဆက်တွေမှာလိုပဲ Shoulder Trigger တွေ ထည့်သွင်းထားပြီး အနောက်ကင်မရာ ၃ လုံး ဘေးမှာ မိုးကြိုးသွားကို ရေးထွင်းထားပါတယ်။ ကင်မရာတွေရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ “Freezing” နဲ့ “Speediest” စကားလုံးတွေကို ရေးသားထားပါတယ်။

Redmi က K50 Gaming Edition ကို သွေးအေးတဲ့ စွမ်းရည်မြင့် စမတ်ဖုန်းလို့ ညွှန်းဆိုထားပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ Specification အသေးစိတ်ကို မပြောသေးပါဘူး။ ကုမ္ပဏီက ဒီလ ၁၆ ရက်နေ့မှာ Redmi K50 , Redmi K50 Pro နဲ့ Redmi K50 Pro+ တို့ကိုပါ ကြေညာမလားဆိုတာ မပြောသေးပါဘူး။ ဒါပေမယ့် အဲဒီနေ့မှာပဲ Redmi K50 Series အားလုံးကို ကြေညာနိုင်ပါတယ်။

မိတ်ဆက်ပွဲ ကျင်းပဖို့ ၁ ပတ်လောက်လိုသေးတဲ့အတွက် အဲဒီ မတိုင်ခင်မှာ Redmi က K50 Series တွေရဲ့ Teaser တွေကို ပိုမို မျှဝေလာနိုင်ပါတယ်။

Ref : gsmarena