Xiaomi ကနေ ပြီးခဲ့တဲ့ မတ်လတုန်းက Redmi K50 Series ကို စျေးကွက်အတွင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး MediaTek Chipset တွေကိုပဲ အဓိက အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှ သြဂုတ်လအတွင်းမှာ Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားတဲ့ Redmi K50 Ultra ဖုန်းကို ထပ်မံမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ Redmi K60 Series ဖုန်းတွေကို ထပ်မံမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်သိရတဲ့သတင်းအရ အဆိုပါ Redmi K60 Series ဖုန်းတွေမှာ Processor ကို MediaTek အစား Qualcomm Snapdragon 8+ Gen 1 Chipset တွေကိုပဲ အသုံးပြုသွားမယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ တရုတ်နိုင်ငံမှ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Redmi K60 Series ဟာ အခုအချိန်မှာ Design ကို ပြန်လည်စစ်ဆေးနေတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မကြာခင်မှာ ထုတ်လုပ်မှုတွေကို စတင်တော့မှာဖြစ်ပါတယ်။

Redmi K60 ဖုန်းဟာ Redmi K50 ထက် အဆင့်မြှင့်တင်မှုတွေအများအပြားရှိမှာဖြစ်ပြီး 2K Display ၊ 5500mAh Battery ကိုမှ 67W Wired Charging အပြင် 30W Wireless Charging ကိုပါ ထောက်ပံ့ပေးလာမှာဖြစ်ပါတယ်။ ဒါ့အပြင် Apple iPhone 14 Pro ဖုန်းတွေလိုမျိုး Dynamic Island ပုံစံ Feature ကိုပါ ထည့်သွင်းလာနိုင်ပါတယ်။

Ref – GSM Arena