အခုထိ မိတ်မဆက်သေးတဲ့ Redmi Note 10 ဟန်းဆက်မှာ မကြာသေးခင်လေးကမှ မိတ်ဆက်ထားတဲ့ MediaTek Dimensity 820 ချစ်ပ်ဆက်အသစ် အသုံးပြုလာမယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ယနေ့မှာတော့ ဒီသတင်းကို အတည်ပြုပေးနိုင်တဲ့ အချက်အလက်တစ်ခု စတင် ထွက်ပေါ်လာခဲ့ပါပြီ။

AI-Benchmark စွမ်းဆောင်ရည်စာရင်းမှာ Redmi Note 10 စမတ်ဖုန်းဟာ Dimensity 1000+ အသုံးပြုထားတဲ့ Vivo iQOO Z1 ရဲ့အောက် ဒုတိယနေရာကနေ ထွက်ပေါ်လာခဲ့ပါတယ်။

AI-Benchmark ရဲ့ စာရင်းမှာ ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ သိပ်မပါခဲ့ပေမယ့် စမ်းသပ်ခံခဲ့တဲ့ ဟန်းဆက်မှာ 8GB RAM ပါဝင်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် Redmi Note 10 မှာ သို့မဟုတ် သူ့ရဲ့ဗားရှင်းတစ်ခုမှာ 8GB RAM မန်မိုရီ ပါတယ်ဆိုတာတော့ အတည်ပြုနိုင်မှာပါ။

Redmi Note 10 ရဲ့ Benchmark စာရင်း ထွက်ပေါ်လာတာကြောင့် ဒီဟန်းဆက်ကို မြင်ရဖို့ သိပ်မကြာတော့ပါဘူး။ လာမယ့် ရက်ပိုင်းတွေ အတွင်းမှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ထပ်ထွက်ပေါ်လာမှာလည်း သေချာပါတယ်။

Ref – GSMArena