Xiaomi က Redmi Note 12 Series ကို ကြေညာလိုက်ပြီး Redmi Note 12, Note 12 Pro နဲ့ Note 12 Pro+ တို့ ပါလာပါတယ်။

Redmi Note 12 Pro & Pro+

အဲဒီ ဖုန်း ၂ လုံးရဲ့ Specs အများစုဟာ တူညီပြီး ၆.၆၇ လက်မ OLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာပါတယ်။ Dimensity 1080 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ကာ microSD Card မစိုက်နိုင်ပါဘူး။

Pro+ က ကင်မရာ အပိုင်းမှာ ပိုကောင်းပြီး 200MP ကင်မရာ ပါတဲ့ ပထမဆုံး Redmi ဖုန်း ဖြစ်လာပါတယ်။ Samsung ISCOELL HPX ဆန်ဆာ ကို သုံးထားတာ ဖြစ်ပြီး 16-to-1 Pixel Binning နဲ့ QPD Autofocus ပါတဲ့ 1/1.4 inch ဆန်ဆာ ဖြစ်ပါတယ်။ 2.24μm Pitch နဲ့ Default Mode မှာ 12.5MP Resolution ဓါတ်ပုံ၊ 1.12μm Pixels နဲ့ 50MP ဓါတ်ပုံ၊ 0.56μm Pixels နဲ့ 200MP ဓါတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ 200MP ဆန်ဆာဟာ HDR ၊ 14-bit Color Depth ၊ 30fps 8K နဲ့ 120fps 4K  ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့် Dimensity 1080 Chipset နဲ့ ကန့်သတ်ချက်ကြောင့် 4K ဗီဒီယိုတွေပဲ ရိုက်ကူးနိုင်ပါတယ်။

Redmi Note 12 Pro 5G

Redmi Note 12 Pro မှာ 50MP Main ကင်မရာ တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးရဲ့ ကျန်တဲ့ ကင်မရာ ၂ လုံးက 8MP Ultrawide နဲ့ 2MP Depth တွေ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

Xiaomi Redmi Note 12 series debuts, Pro+ gets 200 MP camera

Redmi Note 12 Pro နဲ့ Pro+ မှာ 5,000mAh ဘက်ထရီ ပါလာပြီး Pro မှာ 67W နဲ့ Pro+ မှာ 120W Fast Charging ထည့်သွင်းထားပါတယ်။ ၂ လုံးစလုံးမှာ Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပြီး နားကြပ်ပေါက် ပါပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

‌ဈေးနှုန်းနဲ့ အရောင်

Redmi Note 12 Pro

Price

  • 6GB + 128GB – ¥1,699 ($235)
  • 8GB + 128GB – ¥1,799 ($249)
  • 8GB + 256GB – ¥1,999 ($276)
  • 12GB + 256GB – ¥2,199 ($304)

Colors

  • Black
  • White
  • Blue
  • Violet

Redmi Note 12 Pro Plus

Price

  • 8GB + 256GB – ¥2,199 ($304)
  • 12GB + 256GB – ¥2,399 ($332)

Colors

  • Black
  • White
  • Blue

Redmi Note 12

Redmi Note 12 မှာ ၆.၆၇ လက်မ OLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး 33W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Redmi Note 12

Main ကင်မရာက 48MP ဖြစ်ပြီး 2MP Depth ကင်မရာ ၁ လုံး အပို ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး Snapdragon 4 Gen 1 Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။

Redmi Note 12 key specs

Black , White နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပြီး 4/128GB ကို ၁၆၅ ဒေါ်လာနဲ့ 8/256GB ကို ၂၃၅ ဒေါ်လာ သတ်မှတ်ထားကာ နိုဝင်ဘာလ ၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena