Redmi K50 Gaming Edition ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီး အခုတော့ တရုတ်မှာ ပထမဆုံး Flash Sale ကို ပြုလုပ်ပေးလိုက်ပါတယ်။ Xiaomi ရဲ့ တရားဝင် တရုတ်လူမှုကွန်ရက် ဝီဘို အကောင့်ကနေ ပထမဆုံး Flash Sale မှာ ယွမ် သန်း ၂၈၀ ကျော်ဖိုး ရောင်းချရတယ်လို့ ကြေညာလိုက်ပါတယ်။

Xiaomi sells over 70,000 units of Redmi K50 Gaming during first flash sale

Xiaomi က ရောင်းချရတဲ့ အလုံးရေကို မပြောပေမယ့် Redmi K50 Gaming Edition ရဲ့ တန်ဖိုးအကြီးဆုံး မော်ဒယ် ဖြစ်တဲ့ 12GB RAM + 256GB ရဲ့ တန်ဖိုးနဲ့တွက်ရင် အလုံးရေ ၇၀,၀၀၀ ကျော် ရောင်းချရတာ ဖြစ်ပါတယ်။ တခြား မော်ဒယ်တွေနဲ့ပါ ရောနှောတွက်ရင် အလုံးရေ ၈၀,၀၀၀ နီးပါး ရောင်းချရနိုင်ပါတယ်။

Redmi K50 Gaming Edition with Snapdragon 8 Gen 1, 120W Fast-Charging  Launched | Beebom

Redmi K50 Gaming Edition မှာ Snapdragon 8 Gen 1 Chipset မောင်းနှင်ထားတဲ့အတွက် စွမ်းဆောင်ရည် မြင့်မားပြီး ဂိမ်းကစားရင် တော်တော်ကောင်းမှာ ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ VC Chamber ကြောင့် ဂိမ်း အကြာကြီး ကစားရင် အပူချိန်လွန်ကဲတာကို လျှော့ချပေးပါတယ်။ ၆.၆၇ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ကြောင့် ဂိမ်း ကစားရင် တုန့်ပြန်မှုတော်တော် ကောင်းမှာ ဖြစ်ပါတယ်။

120W Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ထည့်သွင်းထားပြီး Redmi က K50 Gaming Edition ကို ၁၇ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

Ref : gsmarena