Xiaomi ကနေ ယခုနှစ်အစောပိုင်းမှာ Flagship Mi Series စမတ်ဖုန်းတွေဖြစ်တဲ့ Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Mi 10 Series ဖုန်းတွေက ယခင် Mi 9 Series ဖုန်းတွေနဲ့ယှဥ်ရင် Quality ပိုင်းအရရော စျေးနှုန်းပါ သိသိသာသာကို ပိုမြင့်မားတဲ့ဖုန်းတွေလည်းဖြစ်ပါတယ်။

အခုလိုမျိုး မြင့်မားတဲ့စျေးနှုန်းတွေအပြင် လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကျရောက်နေတဲ့အချိန်မှာတောင် Xiaomi ကနေ Mi 10 Series ဖုန်းတွေကို အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါ ကြေညာချက်ကိုတော့ Xiaomi ရဲ့ Vice President နဲ့ Redmi ရဲ့ General Manager ဖြစ်တဲ့ Lu Weibing ကနေ Weibo စာမျက်နှာမှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

Xiaomi Mi 10 Series စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး အဆိုပါ ဖေဖော်ဝါရီလအတွင်း တကမ္ဘာလုံးမှာ စမတ်ဖုန်းရောင်းအား ၃၈ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတောင်မှ အခုလိုမျိုး ရောင်းချနိုင်တာကတော့ အားရဖို့ကောင်းနေပါတယ်။

Xiaomi ရဲ့ CFP ဖြစ်တဲ့ Shou Zi Chew ကတော့ လက်ရှိတရုတ်နိုင်ငံစျေးကွက်ဟာ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်နေပြီလို့ ပြောကြားခဲ့ပါတယ်။ Xiaomi အနေနဲ့တော့ ယခင်ကထက်ရောင်းအားကျဆင်းတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည်ကောင်းမွန်ဖို့ မျှော်လင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref – Gizmo China